ပွင့်ဖြူမြို့ကို မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းလှပစေရန် မြို့တွင်းလမ်းမီးတိုင်များကို LED မီးသီးများဖြင့် ပြောင်းလဲတပ်ဆင်လျက်ရှိ

Listing Description

ပွင့်ဖြူ နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးတို့ ပူးပေါင်းပြီး ပွင့်ဖြူမြို့ကို မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာ လှပစေရန်နှင့် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မြို့တွင်းရှိ လမ်းမီး တိုင်များကို နိုဝင်ဘာ ၂၃ ရက်မှစ၍ LED မီးသီးများဖြင့် ပြောင်းလဲတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ပွင့်ဖြူမြို့တွင်းရှိ လမ်းမီးတိုင်များမှ မီးသီးများကို LED မီးသီးများဖြင့် ပြောင်းလဲအစားထိုး တပ်ဆင်ခြင်း လုပ်ငန်းကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ သာမန်အသုံးစရိတ် ရန်ပုံငွေမှ ကျပ်သိန်း ၃၀ ဖြင့် ဆောင်ရွက်ပြီး ၁၀၀ ဝပ် LED မီးသီး ၁၂ လုံး၊ ၅၀ ဝပ် LED မီးသီး ၅၃ လုံး စုစုပေါင်း မီးသီး ၆၅ လုံး ဝယ်ယူ၍ ပွင့်ဖြူမြို့ ဗိုလ်ချုပ်လမ်းမကြီး အပါအဝင် သက်တော်ရှည်ရပ်ကွက်ရှိ အင်ကြင်းလမ်း၊ စကားဝါလမ်း၊ အရှေ့ပိုင်းရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက် အတွင်းရှိ ကံ့ကော်လမ်း၊ ချယ်ရီလမ်း၊ သန့်စင်လမ်း၊ ပိတောက် လမ်းနှင့် မြို့ပတ်လမ်းတို့တွင် တပ်ဆင်ပေးသွားမည်ဖြစ် ကြောင်းနှင့် ရပ်ကွက်နေပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်နှင့် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာ လှပစေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မျိုးဆက်က ပြော ကြားသည်။

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် ပွင့်ဖြူမြို့ကို မြို့ပြအင်္ဂါရပ်နှင့်အညီ အစဉ်အမြဲ သန့်ရှင်း သာယာ လှပစေရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြု ရန်ပုံငွေများဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ မြို့တွင်းရှိ လမ်းမီးတိုင်များ၌ LED မီးသီးများဖြင့် အစားထိုး တပ်ဆင်ပေးခြင်း လုပ်ငန်းအပြင် မြို့တွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် လိုအပ်သောနေရာများတွင် ရေနုတ် မြောင်းများ တူးဖော်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ လမ်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ လမ်းဘေး ဝဲယာရှိ အမှိုက်သရိုက်များနှင့် ပေါင်းမြက်များကို သန့်ရှင်း ရေး ပြုလုပ်ခြင်းများကိုလည်း စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းထံမှ သိရသည်။

ရဲဝင်းနိုင်(ပြန်/ဆက်)