မြန်အောင်မြို့နယ် မမြဆည်ရေလှောင်တမံမှ နွေစပါး ဧက ၅၀၀၀ ကျော် စိုက်ပျိုးရန် ရေပေးဝေသွားမည်

Listing Description

မြန်အောင် ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် မမြဆည် ရေလှောင်တမံမှ မြန်အောင်မြို့နယ်နှင့် အင်္ဂပူမြို့နယ် အတွင်း နွေစပါး ဧက၅၅၀၀ စိုက်ပျိုးရန် ရေပေးဝေသွား မည်ဖြစ်ကြောင်း မမြဆည်မှ ဦးစီးအရာရှိ ဦးဝင်းထွဋ်ဝင်း ထံမှ သိရသည်။

ယခုနှစ်နွေစပါးစိုက်ပျိုးရန် မမြဆည်ရေလှောင်တမံမှ ရေလှောင်ပမာဏ ဧကပေ ၇၁၄၀၀ သိုလှောင်ထားရှိပြီး  ၂၀၂၁ ခုနှစ် ဇန်နဝါရီ  ၁ ရက်မှစ၍  ရေပေးဝေမည်ဖြစ် ကြောင်း၊  အင်္ဂပူမြို့နယ်နှင့် မြန်အောင်မြို့နယ်အတွင်း

နွေစပါးစိုက်ပျိုးမည့် ဆည်ရေသောက်ကျေးရွာများရှိ WUG အဖွဲ့များအား တွေ့ဆုံပြောကြားထားပြီး ဖြစ်ကြောင်း၊ တောင်သူများ၏ တင်ပြတောင်းဆိုချက်အရ မြန်အောင် မြို့နယ်အတွင်း ကျေးရွာအုပ်စု ငါးအုပ်စုတွင် နွေစပါးဧက ၃၅၀၀၊  အင်္ဂပူမြို့နယ်အတွင်း ကျေးရွာအုပ်စု ငါးအုပ်စုတွင် နွေစပါးဧက ၂၀၀၀ စိုက်ပျိုးနိုင်ရန် မမြဆည်ရေလှောင်တမံမှ ရေပေးဝေသွားမည် ဖြစ်ကြောင်းနှင့်‌  လက်ဝဲလက်ယာ မြောင်းမကြီးများအပါအဝင် လက်တံမြောင်းများနှင့် တိုက်ရိုက် လက်တံခွဲမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ထားရှိ‌ကြောင်း မမြဆည်မှ ဦးစီးအရာရှိ ဦးဝင်းထွဋ်ဝင်းထံမှ သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)