ဂွချောင်းတံတား

Listing Description

ရခိုင်ပြည်နယ် ဂွမြို့နယ် ဂွ-ကျောက်ချွန်လမ်းပေါ်၌တည်ရှိသည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာ  ၁၈  ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့သည်။ တံတားအရှည်မှာ ၁၃၉၈ ပေ ၉ လက်မရှိပြီး တံတားအုတ်မြစ်မှာ ဘိုးပိုင်အမျိုးအစားဖြစ်ကာ တံတား၏ အပေါ်ထည်မှာ P.C Girden R.C Girder တို့ဖြင့် တည်ဆောက်ထားသော သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်သည်။၊ တံတားခန်းဖွင့်အနေဖြင့် ၂၆ ပေ ၃ လက်မ သုံးခန်း၊ ပေ ၆၀ နှစ်ခန်း၊ ပေ ၁၀၀ ၁၂ ခန်း တို့ဖြင့် ဖွဲ့စည်းထားပြီး ယာဉ်သွားလမ်း အကျယ် ၂၄ ပေနှင့် လူသွားလမ်းအကျယ်  တစ်ဖက်လျှင် ၃ ပေ ၆ လက်မစီပါဝင်၍ ရေလမ်းကင်းလွတ်အမြင့် ပေ၂၀ နှင့် ရေလမ်းကင်းလွတ်အကျယ် ၈၅ ပေရှိကာ တံတားခံနိုင်ဝန် ခွင့်ပြုယာဉ်အလေးချိန်မှာ ၇၅ တန်ဖြစ်သည်။