လွိုင်မွေတောင်စခန်းမြို့

Listing Description

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် ၃၀ ကီလိုမီတာခန့်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၅၅၄၂ တွင် တည်ရှိသည့် တောင်ပေါ်မြို့လေးတစ်မြို့ ဖြစ်သည်။ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့သိမ်းပိုက်ပြီးနောက် ၁၉၀၁ ခုနှစ်တွင် အင်္ဂလိပ်တို့သည် ကျိုင်းတုံစော်ဘွားနှင့် ဆွေးနွေးပြီး ကျိုင်းတုံမြို့နှင့် အနီးဆုံးဖြစ်သော လွိုင်မွေမြို့နေရာတွင် ရုံးစိုက်ခဲ့ကြသည်။ အင်္ဂလိပ် ကိုလိုနီအုပ်ချုပ်ရေးကာလအတွင်း ကာနယ်ရောဘတ်က ၁၉၁၈ ခုနှစ်တွင် လွိုင်မွေမြို့ကို စတင် တည်ဆောက်ခဲ့သည်ဟု သိရသည်။ အင်္ဂလိပ်တို့ ရုံးစိုက်ခဲ့သောနေရာ ဖြစ်သည့်အလျောက် လွိုင်မွေစာတိုက်၊ လွိုင်မွေတိုက်နယ်ဆေးရုံ၊ နှစ်တစ်ရာစံအိမ်ကြီး၊ ကတ်သလစ်ဘုရားရှိခိုးကျောင်းအပါအဝင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က ရှေးဟောင်းအဆောက်အအုံများရှိသည်။