သစ်တစ်ပင်တောင်

Listing Description

ရှမ်းပြည်နယ် ကျိုင်းတုံမြို့သို့ အလည်ရောက်ရှိသူတိုင်း မဖြစ်မနေသွားရောက်လေ့လာသင့်သော နေရာတစ်ခုမှာ နောင်တုံကန်၏ တောင်ဘက်ရှိ စွမ်မွန်းတောင်ကုန်းခေါ် သစ်တစ်ပင်တောင် ဖြစ်ပါသည်။ ။ တောင်ကုန်း ပေါ်တွင် သက္ကရာဇ် ၁၁၁၅ခုနှစ် (အလာင်းမင်းတရားလက်ထက် ၁၇၅၃ခုနှစ်)တွင် စိုက်ပျိုးခဲ့သော ကညင်ဖြူ သစ်ပင်ကြီး တစ်ပင် ရှိပြီး အဆိုပါ သစ်ပင်ကို အစွဲပြု၍ သစ်တစ်ပင်တောင် ဟု အမည်တွင်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုသစ်ပင်သည် မြေပြင်မှ ထိပ်ဖျားအထိ အမြင့် ၂၁၈ ပေရှိပြီး ရင်စို့ လုံးပတ် ၃၆ ပေ ၈ လက်မ၊ အောက်ခြေ လုံးပတ် ၃၉ ပေ ၁၀ လက်မ ရှိပါသည်။ အဆိုပါ ကညင်ဖြူပင် နှင့် ပတ်သက်၍ အေဒီ ၁၃၆၈ ခုနှစ်တွင် စဝ်ဆမ် ( ခေါ် ) စဝ်စိတ်ပန်း တူနှင့် အစ်ကိုတော် ညီနောင် ၂ ပါး ကတိ သစ္စာခံယူ ကြသည့် အထိမ်းအမှတ် အဖြစ် ကညင်ဖြူ " မိုက်မတ်ယန်းလုံ " ၃ ပင်ကို တြိဂံပုံစံ ဖြင့် ထောင့်သဖွယ် ဝမ်ပန်၌ တစ်ပင် ၊ မိုက်ဆရီတာ တောင် တွင် တစ်ပင် နှင့် ကျိုင်းတုံမြို့ ၊ စွမ်မွန်းကုန်း ပေါ်တွင် တစ်ပင် ၃ နေရာ အရှေ့ ၊ မြောက် နှင့် တောင်ထောင့် နေရာ၌ အသီးသီး စိုက်ပျိုးခဲ့ကြောင်း လိရှမ်း နှင့် ဂုံရှမ်း တဘောင်ကျမ်းတွင် တွေ့ရှိရပါသည်။