ကျိုင်းတုံမြို့ရှောင်လမ်း  ၂၀၂၁-၂၀၂၂  နှစ်တွင် အမာခံလမ်းအဖြစ် စတင်အသုံးပြုနိုင်တော့မည်

Listing Description

ရန်ကုန်   ဇန်နဝါရီ  ၂၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၏မြို့တော် ကျိုင်းတုံမြို့၌ ယာဉ် ကြောပိတ်ဆို့မှု ယာဉ်မတော်တဆမှုများ လျော့နည်းစေရန် နှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက် မြို့ရှောင် လမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ကျိုင်းတုံခရိုင် လမ်း ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်း   ပြည်ထောင်စုအစိုးရ   ခွင့်ပြုရန်ပုံငွေနှင့်   ရှမ်း ပြည်နယ်အစိုးရအဖွဲ့၏  ခွင့်ပြုငွေနှစ်ရပ်   စုစုပေါင်းငွေကျပ် ၁၅၂၀၃ ဒသမ ၆၁၇  သန်းဖြင့် ဖောက်လုပ်လျက်ရှိသည်။ 
မြို့ရှောင်လမ်းကို  တောင်ကြီးဘက်မှအဝင်  ယန်းလော့ ကျေးရွာအုပ်စု ကျိုင်းဖောင်းကျန်းမာရေးစစ်ဆေးရေးဂိတ် အနီး (၆၂၈ ဒသမ ၀၂ ကီလိုမီတာ)မိုင်တိုင်အမှတ်မှ   စတင်၍ နောင်နွန်းပူးပေါင်းဂိတ်အနီး  (၆၃၉ ကီလိုမီတာ)  မိုင်တိုင် အထိ ယခင်စီမံကိန်းမဆောင်ရွက်ဖြစ်ခဲ့သော မိုးနဲ - ကျိုင်းတုံ မီးရထားလမ်းစီမံကိန်းမြေနေရာတွင် လမ်းအကျယ် ၇မီတာ အရှည် ၁၀ ကီလိုမီတာကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လုပ်ငန်းများ  စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း   သိရ သည်။ 
လက်ရှိအချိန်တွင်   မြေသားလမ်းဖောက်လုပ်ခြင်း၊ တံတားလုပ်ငန်းနှင့် အခြားလုပ်ငန်းအဆင့်ဆင့်ဆောင်ရွက် ခြင်းမှာ ၁၇ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်  အမာခံလမ်းအဆင့်အနေဖြင့်   စတင် အသုံးပြုနိုင်မည်ဖြစ်ပြီး  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကတ္တရာကွန်ကရစ်လမ်းကို   အပြီးဖောက်လုပ်မည်ဖြစ် ကြောင်း သိရသည်။ 
ကျိုင်းတုံမြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် ပါဝင်သွား သော ယန်းလော့ကျေးရွာအုပ်စုနှင့်  မြို့ပေါ်ရပ်ကွက် (၁) တို့မှ မြေ ၁၁၀ ဒသမ ၄၄၃ ဧကအတွက် နစ်နာကြေးငွေကျပ် ၆၄၈ ဒသမ  ၂၀၄  သန်းကို     ၂၀၁၉-၂၀၂၀   ဘဏ္ဍာနှစ် ပြည်ထောင်စုဖြည့်စွက်ရန်ပုံငွေမှ   သက်ဆိုင်ရာလယ်/စီ အဖွဲ့အဆင့်ဆင့်၏ သတ်မှတ်ဈေးများအတိုင်း ရှမ်းပြည်နယ် အစိုးရ၏ ခွင့်ပြုချက်ဖြင့်  ရာနှုန်းပြည့် ပေးလျော်ခဲ့ပြီး ဖြစ် ကြောင်း သိရသည်။ 
ကျိုင်းတုံမြို့တွင် ယာဉ်အစီးရေများပြားလာမှု၊ မြို့တွင်း လမ်းများ   ကျဉ်းမြောင်းလာမှုတို့ကြောင့်   ယာဉ်ကြော ပိတ်ဆို့မှုများ၊  ယာဉ်မတော်တဆမှုများ  စသည်တို့ကို မြို့ရှောင်လမ်း ဖောက်လုပ်ပြီးစီးပါက ဖြေလျှော့ပေးနိုင်မည် ဖြစ်၍   ကုန်တင်ယာဉ်ကြီးများ၊   ခရီးသည်ယာဉ်များ   မြို့တွင်းမှ ဖြတ်သန်းမောင်းစရာမလိုဘဲ  အချိန်တိုအတွင်း သွားလာနိုင်မည်ဖြစ်ပြီး ဒေသလူမှုစီးပွားရေးများ မြှင့်တင် နိုင်မည်ဖြစ်ကြောင်း သိရသည်။ 
ခရမ်းစိုးမြင့်