ဂူဘားရိပ်သာ

Listing Description

ဂူဘားရိပ်သာသည် ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘေ့ာမြို့၏ ရှုခင်းလှပသော မလိခမြစ်ဘေးတွင် တစ်မူထူးခြားစွာ တည်ဆောက်ထားသည့် မြန်မာနိုင်ငံရှိ ရိပ်သာများထဲတွင် အလှဆုံးရိပ်သာ တစ်ခုဖြစ်ပါသည်။ ဂူဘားဟူသော အမည်မှာ မြန်မာနိုင်ငံမြောက်ဘက်အစွန်းရှိ မြန်မာ -တရုတ်နယ်စပ် တိဗက်မြန်မာရွာအမည်ကို အစွဲပြု၍ မှည့်ခေါ်ထား ခြင်းဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော ဂူဘားရိပ်သာမှာ နှစ်ထပ်အဆောက်အဦးဖြစ်ပြီး မြစ်ကျောက်တုံးလုံးလုံးဝန်းဝန်းများနှင့် ဒေသထွက်သစ်များ ပေါင်းစပ်ကာ တည်ဆောက်ထားသည့် လှပခမ်းနားသည့် ဗိသုကာလက်ရာ အဆောက်အဦးဖြစ်ပါသည်။ အပေါ်ထပ်တွင်အိပ်ခန်း (၃) ခန်းနှင့် ဧည့်ခန်း(၁)ခန်းပါပြီး အောက်ထပ်တွင်အိပ်ခန်း(၂)ခန်းနှင့်ထမင်းစားခန်းပါဝင်ပါသည်။ ဂူဘားဧည့်ရိပ်သာတွင် နိုင်ငံတော်ဧည့်သည်များ၊ နိုင်ငံသားဧည့်သည်များ၊ နိုင်ငံခြားသားဧည့်သည်များသည် သမိုင်း၀င်အဆောက်အဦးအဖြစ် လာရောက်ကြည့်ရှု လေ့လာလျက်ရှိကြပါသည်။