ဟူးမွန်(အလယ်ဆည်)

Listing Description

ဟူးမွန်(အလယ်ဆည်)သည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာအုပ်စု၊ ဂျန်မိုင်ကျေးရွာအနီး တည်ရှိသည်။ ဟူးမွန်(အလယ်ဆည်)ကို ၁၉၇၅-၁၉၇၆ ဘဏ္ဍာနှစ်တွင် အပြီးသတ်ဆောက်လုပ်ပြီးစီးခဲ့သည်။ လားရှိုးမြို့ မြို့နေလူထု စိုက်ပျိုးရေးနှင့် သောက်သုံးရေရရှိရန် ကောက်ကွေ့ရေလှောင်တမံ၊ ဟူးမွန်ရေလှောင်တမံ ၊ နမ့်ကျန်ရေလှောင်တမံစသည်ဖြင့် ဆည်ကြီးများမှရေကိုသွယ်တန်းကာ စနစ်တကျပြန်လည် ဖြန့်ဖြူးပေးရေးအတွက် ဟူးမွန်အလယ်ရေထိန်းတမံဖြင့် ရေထုပေ (၆) ပေခန့်အား ရေထိန်းတံခါးများဖြင့်ထိန်းသိမ်းကာ မြို့နေပြည်သူလူထုသုံးစွဲရန် လိုသလောက်ဖွင့်ပေးခြင်းအားဖြင့် ရေပေးဝေနေသည်ဟုလည်းသိရသည်။ ရေထိန်းတမံမှာ အလျား ၇၅ပေ အမြင့် ၈၀ ပေ ရှိသော ကျောက်သားထုဖြင့် ရေထုအားထိန်းကာပေးထားသည့် တမံအမျိုးအစားဖြစ်ပြီး ရေလွှတ်တံခါးများပါဝင်သည်။