မြကန်

Listing Description

မြကန်သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်တိုကျေးရွာအနီး၊ တုရင်းတောင်အနောက်ဘက်တွင် တည်ရှိပါသည်။ ကျန်စစ်သားမင်းကြီးကိုယ်တိုင် ဦးဆောင်လျက် ပုဂံသူ ပုဂံသားတို့ စီမံတူးဖော်ခဲ့သော ကန်ဖြစ်ပါသည်။ မြကန်၏ မူလအမည်မှာ မဟာနိဗ္ဗာန လက်ဆွဲချီရေ (မဟာနိဗ္ဗာန် လက်ဆွဲချီကန်)ဟု ကျောက်စာများ၌ တွေ့ရသည်။ မြကန်သည် ပိုက်လှမ်းတောင်အား တာတမံ အရံအတားမျိုး ပိတ်ဆို့ကာဆီး၍ စီမံထားသော တစ်ဖက်ဆည်ကန် ဖြစ်သည်။ သက္ကရာဇ် ၅၉၈−ခုနှစ်တွင် ပုဂံကျစွာမင်းကြီးက မြကန်ကို ပြန်လည်၍ ပြုပြင်ဆည်ဖို့ခဲ့ပါသည်။ မြကန်သည် အလျား ၃၃၀၀ ပေ၊ အမြင့် ၃၂ ပေ၊ ကန်ရေပြည့်ရေလှောင်ပမာဏ ၁၀၅၀ ဧကပေရှိသည့် မြေသားကန်ဖြစ်ပါသည်။ ၁၉၉၇ ခုနှစ်တွင် မြကန်ကို ပြန်လည်ပြုပြင် ဆည်ဖို့ပြီးစီးခဲ့ပါသည်။