တာဝတိံသာမဟာစေတီတော်

Listing Description

တာဝတိံသာမဟာစေတီတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ အမှတ် (၃) ရပ်ကွက်၊ မဟာလေးထပ်ကျောင်းတိုက်အတွင်း တည်ရှိပါသည်။ သက္ကရာဇ် ၁၂၅၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်နေ့တွင် မကာရလောပအကျော် အဂ္ဂမဟာပဏ္ဍိတ မန်လည်ဆရာတော်ဘုရားကြီးမှ တည်ထားခဲ့သည်ဟု သိရပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၁၀၈ တောင်ရှိပြီး တာဝတိံသာနတ်ပြည်တွင် တစ်ဆူ၊ ကသာမြို့တွင် တစ်ဆူ၊ မန်လည်ဒေသ မန်လည်ကျောင်းတွင် တစ်ဆူ စုစုပေါင်း ၃ ဆူသာပုံစံတူရှိသည်ဟု ဆိုစမှတ်ပြုကြပါသည်။