ရွှေစေတီကျောင်း

Listing Description

ရွှေစေတီကျောင်းကို ၁၉၀၃ ခုနှစ်တွင် တည်ဆောက်ခဲ့သည်ဟု သိရသည်။ ၁၉၂၀- ၁၉၃၀ ခုနှစ်ခန့်အတွင်း ဆရာတော် ဦးဥတ္တမ သီတင်းသုံးခဲ့ရာ ကျောင်းတိုက်လည်းဖြစ်သည်။ ယခုအခါ ဘုန်းတော်ကြီးသင်ကျောင်းနှင့် ရခိုင်ယဉ်ကျေးမှု ကျောင်းအဖြစ် ဖွင့်လှစ်ထားရှိသည်။ ဘုန်းကြီးကျောင်းသို့ အိန္ဒိယဝန်ကြီးချုပ်များဖြစ်ကြသော ဂျဝါဟာလာ နေရူး၊ အင်ဒီယာ ဂန္ဒီတို့လည်း လာရောက်လည်ပတ်ခဲ့ဖူးသည်။ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိပြီဖြစ်သော ကျောင်းဆောင်ကြီး၏ တည်ဆောက်ပုံမှာ ဗိသုကာလက်ရာမြောက်လှသဖြင့် စိတ်ပါဝင်စားသူများ လာရောက်လေ့လာကြပါသည်။