စေတနာကြီးဘုရား

Listing Description

စေတနာကြီးဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၏ တောင်ဘက်ယွန်းယွန်းတွင် တည်ရှိပါသည်။ စေတနာကြီးဘုရားသည် ပစ္စယာဆင့် သီဟိုဠ်(သီရိလင်္ကာ) ပုံစံစေတီဖြစ်ပြီး ၁၂၃၆ ခုနှစ် မတ်လ ၂၆ တွင် နားတောင်းများ (ထီးလိုမင်းလို)မင်း တည်ထားခဲ့ပါသည်။  မူလက စည်စနာ (ဂိ့ဝ) ဟိန္ဒူဘုရားကျောင်းဖြစ်ပြီး နားတောင်းများမင်းက စေတီအဖြစ် ပြုပြင်တည်ဆောက်ခဲ့သည်။ နားတောင်းများမင်းလက်ထက်တွင် ဘုရားအပြီးမသတ်ခဲ့သဖြင့် သားတော် ကျစွာမင်းက ဆက်လက်ပြီးစီးအောင် တည်ခဲ့သည်။ ပန္နက်ပုံမှာ လေးထောင့်ပုံဖြစ်ပြီး အောက်ခြေပန်းတင်ခုံတိုင်း၏ အနားတစ်ဖက်စီတွင် ဆင်ဦးခေါင်းရုပ် ၃၉ရုပ်နှင့် ကလသာအိုး ၄၀ တို့ကို အစီစဉ်တကျ ထည့်သွင်း တန်ဆာဆင်ထားရှိပါသည်။ ပစ္စယာ ၄ ဆင့် ရှိပြီး ပစ္စယာအဆင့်တိုင်း၌ရှိသော အရံစေတီများ၏ မုခ်ကဒ်များအတွင်း မတ်တပ်ဆင်းထုတော်များ ရှိပါသည်။ စေတနာကြီးဘုရား၏ လေးထောင့် ဓာတ်တော်တိုက်ရှိ အင်္ဂတေ ပန်းတော့လက်ရာများမှာ လေ့လာဖွယ် ကောင်းပါသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2022-07-14 07:26:02

ပထမပစ္စယာဆင့်မှာ အတွင်းကိုဝင်တဲ့လှိုဏ်ပေါက်ရှိပြီး အထဲမှာ ကျယ်ဝန်းပြီးမှောင်မဲတဲ့ ခမ်းမတစ်ခုရှိပါတယ်၊ ယခင်က ပညာရှင်ဆရာကြီးများက အထဲကို ဝင်ရောက်လေ့လာကြတဲ့အခါ ထူးဆန်းဖွယ်ဖြစ်ရပ်များနဲ့ ကြုံခဲ့ရလို့ နောက်ထပ်ဝင်ရောက်ဖို့ မကြိုးစားတော့ဘူးလို့ အဆိုရှိပါတယ်။ အခုတော့ အဲ့ဒီဝင်ပေါက်ကို ဘုရားဖူးဧည့်သည်တွေ ဝင်ရောက်ရင် အန္တရာယ်ဖြစ်မှာစိုးလို့ ဌာနက တံခါးတပ်၊သော့ခတ် ထိန်းသိမ်းထားပါတယ်။