ကျောက်တန်းမြို့နယ်၌ ပြည်သူများ စနစ်တကျ ဆန္ဒမဲပေး

Listing Description

ရန်ကုန် နိုဝင်ဘာ ၈

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် ယနေ့ နံနက် ၆ နာရီမှ စတင်ရာ ဆန္ဒမဲပေးသူများက စနစ်တကျ မဲပေးကြသည်။

ကျောက်တန်းမြို့နယ်ရှိ မဲရုံပေါင်း၁၉၂ ရုံတွင် ဆန္ဒမဲ ပေးခွင့်ရှိသူပေါင်း ၁၃၂၂၀၈ ဦးရှိသည့်အနက် ယနေ့ ညနေ မဲရုံပိတ်ချိန်အထိ ဆန္ဒမဲပေးသူဦးရေ ၈၀၉၅၁ ဦး၊ ကြိုတင်မဲပေးသူ ၂၆၃၄၈ ဦးစုစုပေါင်း ၁၀၇၂၉၉ ဦး မဲပေးကြကြောင်း သိရသည်။

စိုးဝင်း(ကျောက်တန်း)