ရွှေဘိုမြို့နယ်တွင် အသွားအလာကန့်သတ်ထားသူများအား နှာခေါင်းစည်းနှင့် ကြက်ဥများဖြန့်ဝေ

Listing Description

ရွှေဘို စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်ရန်အတွက် စည်ပင်သာယာ မြို့မဈေးကြီးအတွင်းနှင့် အပြင်ဘက်တွင် ယမန်နေ့က ပူးပေါင်းအဖွဲ့များက စစ်ဆေးရာ နှာခေါင်းစည်းမတပ်ဆင်သူ စုစုပေါင်း ၄၀ ကို တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ စီ ဒဏ်ရိုက်ခဲ့ပြီး နှာခေါင်းစည်း ၂၀ စီ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ရွှေဘိုခရိုင် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုအောင်နှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၃ နာရီက အသွားအလာကန့်သတ် တားမြစ်ထားသော ကံသာကုန်းကျေးရွာသို့ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသော နှာခေါင်းစည်း ၂၀၀၀ နှင့် အလှူရှင်များ လှူဒါန်းထားသော ကြက်ဥ အလုံး ၁၅၀၉၀ ကို ဖြန့်ဝေပေးခဲ့သည်။

မိုးသောက်(ရွှေဘို)