ဝင်းကျန်ကျွန်း

Listing Description

ဝင်းကျန်ကျွန်းသည် ဘားအံ-မော်လမြိုင် ကားလမ်းမှတစ်ဆင့် ကျောက်ကလပ်မီးပွိုင့်အလွန်၊ ကော့လှိုက်ရွာအကျော်၊ ဝင်းကျန်ကျေးရွာအနီး တည်ရှိသည့် သံလွင်မြစ်လယ်ရှိ ကျွန်းတစ်ကျွန်း ဖြစ်ပါသည်။ တသွင်သွင်စီးဆင်းနေသော သံလွင်မြစ်ပြင်ကြီးထဲတွင် speed boat စီးနိုင်ပြီး ကျွန်းပေါ်ရှိဒေသခံများ၏ စိုက်ပျိုးရေးခြံများကို လေ့လာနိုင်ပါသည်။ ကျွန်းပေါ်ရှိ resort ဆန်ဆန် (resort မဟုတ်ပါ) နေရာထိုင်ခင်းများတွင် ညနေ နေဝင်ဆည်းဆာအလှကို ခံစားရင်း အပန်းဖြေ အနားယူနိုင်ပါသည်။