ကျိုက်ဇွဲပိသီဟိုဠ်ရှင်စေတီ

Listing Description

ကျိုက်ဇွဲပိသီဟိုဠ်ရှင်စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ သန်လျင်-သုံးခွ-ခရမ်းလမ်းရှိ ပုလဲစံပြကျေးရွာတွင် တည်ရှိပါသည်။ ကျိုက်ဇွဲပိစေတီတော်ကို မြန်မာသက္ကရာဇ် ၉၆၃ ခုနှစ်တွင် အင်းဝဘုရင် ညောင်ရမ်းမင်းက ဆရာဖြစ်သူ ဘားမဲ့ဆရာတော်ဘုရားကြီး မိန့်မှာသည့်အတိုင်း စေတီကိုးဆူတည်ရာတွင် ဗညားဦးနှင့် ဗညားဒလအမတ်ကြီးနှစ်ဦးကို ဦးဆောင်စေပြီး စေတီကိုးဆူအနက် ကျိုက်ဇွဲပိသီဟိုဠ်ရှင်စေတီတော်မှာ တတိယမြောက်စေတီဖြစ်ပါသည်။ မူလတည်စတွင် ဉာဏ်တော်အမြင့် ၇ တောင်ရှိ စေတီတော်ဖြစ်သည်။ ထို့နောက် အင်းဝမြို့ စစ်ကိုင်းမင်းလက်ထက် နန်းသက် ၁၃ နှစ်၊ မြန်မာသက္ကရာဇ် ၁၁၉၃ ခုနှစ်တွင် ဝန်ရှင်တော်မင်းကြီး မဟာမင်းလှရာဇာက ခြုံနွယ်များဖုံးလွှမ်းနေသော စေတီကို ပထမအကြိမ် ပြုပြုမွမ်းမံခဲ့ပါသည်။ ၁၂၁၀ ခုနှစ်တွင် ကုန်းဘောင်းမင်းဆက်မှ ပုဂံမင်းက ကူးခန်းကြီး မြို့အလယ် ကန်ရွာမှ မဟာဓမ္မရာဇာဓိရာဇာဂုရုဘွဲ့ခံဆရာတော်ကြီး၏ အမိန့်အရ ဗုဒ္ဓရက္ခိတ ဂိုဏ်းထောက်ဆရာတော်မှ စေတီတော်မြတ်ကြီးအား မူလ ဉာဏ်တော် ၇ တောင်မှ ယခုလက်ရှိ ၆၈ တောင် အမြင့်ဆောင်ပြီး ဒုတိယအကြိမ် တိုးမြှင့်တည်ထားကိုးကွယ်ခဲ့ပါသည်။ ယနေ့လက်ရှိအချိန်တွင် သီဟိုဠ်ကျောင်းတိုက်ဆရာတော် အရှင် စန္ဒိမာမှ ပြုပြင်သင့်သည်ကိုပြုပြင်ပြီး ထိန်းသိမ်းသင့်သည်ကို ထိန်းသိမ်းထားသည့်အတွက်ကြောင့် စေတီတော်ကြီးမှာ ရှေးမူမပျက်တည်ရှိပြီး အရံစေတီတော် ၁၀၈ ဆူနှင့်အတူ ကြည်ညိုသပ္ပာယ်စွာ ဖူးမြော်မြင်တွေ့နိုင်ပါသည်။

Credit to Youth Entertainment Facebook Page