ရတနာပုံသာဆုတောင်းရဘုရား (သို့) ဦးပေစိဘုရား

Listing Description

ရတနာပုံသာဘုရား (သို့) ဦးပေစိဘုရားသည် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၇ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားတွင် တည်ရှိပါသည်။ စေတီတော်ကို သီပေါမင်း၏ အမတ်ကြီး ဦးပေစိက သက္ကရာဇ် ၁၂၄၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက်နေ့တွင် တည်ထားကိုးကွယ်ခဲ့သဖြင့် "ဦးပေစိဘုရား" ဟု ဘွဲ့အမည်ခေါ်တွင် ခဲ့ကြပါသည်။ ဘုရားဝန်းအတွင်း၌လည်း ဘုရားဒကာ ဦးပေစိနှင့် မိသားစုတို့၏ ပုံတူရုပ်ထုများကိုလည်း တွေ့မြင်နိုင်ပါသည်။