သုံးခွမြို့ အမှတ်(၁၀) ရပ်ကွက်တွင် ပေ ၄၀ ကွန်ကရစ်တံတား တည်ဆောက်

Listing Description

သုံးခွ ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၀၀ (ကျပ်သန်းတစ်ရာ) ဖြင့် အမှတ် ၁၀ ရပ်ကွက်တွင် ဗန္ဓုလလမ်းနှင့် ပဒုမ္မာလမ်းကို ဆက်သွယ်ပေးသော အရှည် ပေ ၄၀ ၊ အကျယ် ၁၈ ပေ၊ အမြင့် ၁၅ ပေရှိ သံကူကွန်ကရစ် သံပေါင်ရက်မ (ဥက္ကံချောင်းကူတံးတားအမှတ်-၂)တစ်စင်းကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းအားမြို့နယ်စည်ပင်သာယာရေးအဖွဲ့က သတ်မှတ် စံချိန် စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ရက်ပြီးစီးစေရေး ကွင်းဆင်းကြီးကြပ်ဆောင် ရွက်လျက်ရှိကြောင်းသိရပြီး တံတားတည်ဆောက်ခြင်းလုပ်ငန်းပြီးစီးပါက အမှတ်(၁၀)ရပ်ကွက် နေပြည်သူများသာမက ပဒတ္ထိုင်းကျေးရွာနေ ပြည်သူများ ပါ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကိစ္စများကို အဆင်ပြေစွာ ဆောင်ရွက်လာ နိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လယ်ယာထုတ်ကုန်ပစ္စည်းများကို စျေးကွက်အတွင်း အချိန်နှင့်တစ်ပြေးညီ တင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဟု မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၂၅ ရက်က ပြောကြား သည်။

ကိုကျော်(သုံးခွ)