ကျိုက်သုတ်စေတီတော်

Listing Description

ကျိုက်သုတ်စေတီတော်သည် မွန်ပြည်နယ် မော်လမြိုင်မြို့ မရမ်းကုန်းရပ်တွင် တည်ရှိသည်။ မြတ်စွာဘုရားရှင်၏ဆံတော်အစစ်များ ဌာပနာ၍ တည်ထားသော ဆံတော်ရှင်စေတီတစ်ဆူဟု အဆိုရှိပါသည်။ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ (၈၀)တောင် မြင့်ပါသည်။ မွန်အသံထွက် ကျိုက်(ဘုရား) စွတ်(ဆံတော်) ဟုအဓိပ္ပါယ်ရပြီး ကျိုက်စွတ် ဟုခေါ်တွင်လာရာမှ ကာလကြာမြင့်လာသောအခါ ကျိုက်သုတ်ဘုရားဟု ခေါ်ဆိုလာခဲ့ခြင်း ဖြစ်ပါသည်။ စေတီတော် အနောက်မုခ်တန်ဆောင်း၏ အနောက်တောင်ထောင့်တွင် မွန်၊ မြန်မာ နှစ်ဘာသာဖြင့် ခေါင်းလောင်စာရေးထိုးထားသည့် ကျိုက်သုတ်စေတီခေါင်းလောင်း ရှိပါသည်။ ခေါင်းလောင်းစာသည် မွန်ဘာသာဖြင့် မူလက ရေးထိုးခဲ့ပြီးနောက် နှစ် ၁၀၀ တွင် မြန်မာဘာသာဖြင့် ထပ်မံရေးထိုးခဲ့သည်။ မွန်ဘာသာရေးထိုးစဉ် ၁၁၁၁ ခုနှစ်ဝန်းကျင်နှင့် မြန်မာဘာသာရေးထိုးစဉ် ၁၂၁၁ ခုနှစ်ဝန်းကျင်ဟု သိရပါသည်။