နန္ဒာလှိုင်

Listing Description

၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင်  မော်လမြိုင်မြို့၌ မွေးဖွားခဲ့သည်။

၁၉၉၆ ခုနှစ်တွင် မြားနတ်မောင် ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အနုပညာလောကထဲသို့ စတင် ဝင်ရောက်လာကခဲ့သည်။ တီဗွီကြော်ငြာပေါင်းများစွာနှင့် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ရွှေနံ့သာစံအိမ် ဇာတ်ကား၌ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် တောင်သမန်သစ္စာ ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့သည်။

ဇေကမ္ဘာ ဦးခင်ရွှေ၏ သားဖြစ်သူ ဇေသီဟနှင့် ၂၀၀၈ ခုနှစ် မေလတွင် လက်ထပ်ခဲ့သည်။၂၀၁၁ ဧပြီ ၁၉ ရက်နေ့တွင် ဒုတိယ သမီးဖြစ်သူ ဇေရတီလှိုင်ကို မွေးဖွားခဲ့ပြီး၂၀၁၄ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့တွင် တတိယသမီးဖြစ်သူ ဇေမဒီလှိုင်ကို မွေးဖွားခဲ့သည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် နန္ဒာလှိုင်၏ ကုမ္ပဏီဖြစ်သော မဟာနန္ဒာထရိတ်ဒင်းကုမ္ပဏီသည် Missha အလှကုန်ပစ္စည်းများအား မြန်မာနိုင်ငံတွင်း တင်သွင်းဖြန့်ဖြူးခွင့်ကို ရရှိခဲ့သည်။