မော်လမြိုင်သားဖွားနှင့် ကလေးဆေးရုံ (သို့) အမေရိကန်ဆေးရုံ

Listing Description

မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက် တောင်ရိုးတန်းလမ်းတွင် တည်ရှိသည်။ ဆေးရုံကို ၁၈၇၉ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ၁၉၀၁ ခုနှစ်၊ ဧပြီ ၅ ရက်နေ့တွင် ဒေါက်တာအီလန်မစ်ချယ် ကွယ်လွန်ခဲ့ပြီးနောက် ဒေါက်တာအီလန်မစ်ချယ်ကို ဂုဏ်ပြုသောအားဖြင့် ကွယ်လွန်ပြီး ၁၆ နှစ်အကြာ ၁၉၁၇ ခုနှစ်တွင် ဒေါက်တာ အီလန်မစ်ချယ်အမှတ်တရဆေးရုံအဖြစ် ဖွင့်လှစ်ခဲ့သည်။ ဒေါက်တာ အီလန်မစ်ချယ်နှင့် သာသနာပြုအဖွဲ့သည် ၁၈၇၉ ခုနှစ်တွင် မြန်မာနိုင်ငံ မော်လမြိုင်မြို့သို့ရောက်ရှိလာသော စွန့်ဦးအမျိုးသမီးဆေးကုသမှု မစ်ရှင်အဖွဲ့တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် ပထမဆုံးဆေးပညာသင်ယူခဲ့သော ဒေါက်တာရှောလူးမှာ ယင်းကာလတွင် ဒေါက်တာ အီလန်မစ်ချယ်၏ လက်ထောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ပြည်သူပိုင်သိမ်းယူပြီးနောက် မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံကြီး၏ သားဖွားမီးယပ်နှင့်ကလေးရောဂါကုဆေးရုံခွဲ (ကုတင်၁၅၀ဆံ့) မော်လမြိုင်တိုင်း ဆေးရုံကြီး(ခွဲ)ဟူ၍ အသိအမှတ်ပြုခဲ့သည်။