စိန်တုံးမိဖုရားကျောင်း ခေါ် ရတနာဘုံမြင်ကျောင်းတိုက်

Listing Description

ရတနာဘုံမြင့်ကျောင်းတိုက်သည် မွန်ပြည်နယ် မော်လမြိုင်တောင်တန်း ပေါ်တွင်တည်ရှိပြီး သီပေါမင်းပါတော်မူပြီးခါစ ၁၈၈၆ ခုနှစ်တွင် မော်လမြိုင်သူ သစ်ကုန်သည်ကြီး ဒေါ်ရွှေပွင့်မှ မင်းတုန်းမင်းလက်ထက် သုဓမ္မာသာသနာပြုဆရာတော်ရှစ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် ဝဇီရာရာမဆရာတော်၊ မင်းတုန်းမင်း၏ မိဖုရားတစ်ပါးဖြစ်သော စိန်တုံးမိဖုရားကြီးတို့၏ အကူအညီဖြင့် တည်ဆောက်ခဲ့ပါသည်။ အောက်မြန်မာနိုင်ငံတွင် တစ်ခုတည်းသော သက်တမ်း ၁၃၀ ရှိ ရှေးဟောင်းဗိသုကာလက်ရာတို့ဖြင့် ထင်ရှားသောကျောင်းတိုက်ကြီးဖြစ်သည်။ ကျောင်းတိုက်ကြီးသည် အလျား ပေ၁၃၀ ခန့်ရှိပြီး တံခါးပေါက် ၂၈ ပေါက်၊ ပြတင်းပေါက် ၄၀ ရှိပြီး အုတ်လှေကား သုံးခုဖြင့် တည်ဆောက်ထားပြီး အတွင်းပိုင်းတွင်လည်း ထီးဟန် နန်းဟန် အမျိုးသားယဉ်ကျေးမှု အနုစိတ်လက်ရာများကို လေ့လာနိုင်ပါသည်။