တိုင်းချွတ်ဂူဘုရား

Listing Description

တိုင်းချွတ်ဂူဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ပုဂံရှိ ရှေးဟောင်းဂူဘုရားတစ်ဆူဖြစ်ပါသည်။ ညောင်ဦးဘက်မှ ကားလမ်းအတိုင်း လာခဲ့သော် ပုဂံမြို့၊ သရပါတံခါးသို့ မရောက်မီ လမ်း၏အရှေ့ဘက်တွင်ရှိသော ဘုရားအစုတွင် တိုင်းချွတ်ဂူဘုရားရှိသည်။ ထိုဂူဘုရားတွင် တွေ့ရှိရသော "စည်သူ မင်းကြီး၏ မိဖုရားရတနာပုံ တိုင်းချွတ်တွင် ဂူဘုရား ၍.." စသဖြင့် ၁၁၄၀ ခုနှစ် ဧပြီလ ၂၂ ရက်ရေးထိုး ကျောက်စာကြောင့် ရှေးဟောင်းသုတေသနဆိုင်ရာတွင် လူသိများခဲ့သော ဂူဘုရားဖြစ်သည်။ ၎င်းကျောက်စာကို ယခုအခါ ပုံပြတိုက်တွင်ပြသထားရှိပါသည်။ တိုင်းချွတ်ဂူဘုရား၏ မြောက်ဘက်လမ်း မြောက်ဘက်တွင် ဂူဘုရားနှစ်ဆူရှိရာ လေးထောင့်တိုက်ဘုရား (စေတီပုထိုးအမှတ် - ၁၉၅၅/၁၂၅၁) တွင် အထွတ်ပုထိုးကို ပုဂံခေတ် လက်ရာအပြည့်အစုံ တွေ့မြင်လေ့လာနိုင်ရန် ပြုပြင်ထားသည်။ ထိုနေရာမှဆက်၍ အနောက်ဘက်သို့သွားပါက သရပါတံခါးပေါက်ကြီးသို့ ရောက်ရှိပါသည်။