ဘုရားနီဘုရား

Listing Description

ဘုရားနီဘုရားသည် မန္တလေးမြို့. အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ်ကွက် လမ်း ၂၀ နှင့် ၂၁ လမ်း ကြား၊ ၈၁ လမ်း နှင့် ၈၂ လမ်း ကြားတွင် တည်ရှိပါသည်။ ဘုရားနီဘုရားကို ဗဒုံမင်းလက်ထက် ရွှေတိုက်ဝန် မောင်နှမက တည်ထားခဲ့ပြီး "ဆုတောင်းပြည့်ဘုရား" ဟု ဘွဲ့အမည် ဆက်ကပ်ခဲ့သော်လည်း အုတ်ကို အင်္ဂတေဖြင့် အချောမကိုင်ဘဲ အုတ်ရိုးအနီအတိုင်း တည်ထားခဲ့သဖြင့် "ဘုရားနီဘုရား" ဟု ဘွဲ့အမည် ခေါ်တွင်ကြသည်ဟု သိရပါသည်။ နောက်ပိုင်းတွင် မင်းတုန်းမင်း၏ တောင်ဆောင်တော်မိဖုရားက စေတီတော်အား အင်္ဂတေဖြင့် အချောကိုင်ပြင်ဆင်ခဲ့ပါသည်။ မြန်မာမင်းတို့လက်ထက် တရားမှုခင်း ဖြစ်ပွားပြီး တစ်ဖက် နှင့် တစ်ဖက် ငြင်းခုံစွဲဆိုမှုများ ဖြစ်နေလျှင် ဘုရားနီဘုရားသို့ လာရောက်၍ ကျမ်းသစ္စာ ကျိန်ဆိုမှုပြုရသည် ဟု ဆိုပါသည်။