ဖားပြဆံတော်ရှင်ဘုရား

Listing Description

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖားပြကျေးရွာအနီး ၂၇၃ ပေအမြင့်ရှိ တောင်ထိပ်တွင် တည်ရှိပါသည်။ ဉာဏ်တော်အမြင့် ၁၂ တောင်ခန့်ရှိစေတီတော်တစ်ဆူဖြစ်ပြီး ပွင့်တော်မူပြီးသော ဗုဒ္ဓဘုရားရှင်လေးဆူ၏ ဆံတော်လေးဆူကို ဌာပနာထားရှိသည်ဟု သိရပါသည်။ တောင်ပေါ်သို့ အမျိုးသားများသာ တက်ရောက်ခွင့်ပြုထားသည်။ တောင်ခြေအနီးတွင်လည်း ဖားပြလိုဏ်ဂူရှိပြီး လိုဏ်ဂူအတွင်း၌ ဗုဒ္ဓရုပ်ပွားတော် ၂၀၀၀ ခန့်ကို ဖူးမြော်မြင်တွေ့နိုင်ပါသည်။ လိုဏ်ဂူအတွင်းရှိ ရှေးဟောင်း အုတ်ခွက်ဘုရားများမှာ မသမာသူအချို့ကြောင့် ပျက်စီးသွားခဲ့ပြီး ဖြစ်သည်။