သောကြာမာစေတီတော်

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ပန်းတင်ကျေးရွာအနီးတွင် တည်ရှိပါသည်။ စေတီတော်သည် ဒွတ္တပေါင်မင်းကြီး တည်ထားကိုးကွယ်ခဲ့သော စေတီကိုးဆူတွင် တစ်ဆူအပါအဝင် ဖြစ်သည်။ စေတီတော်ကို စတင်တည်ထားခဲ့စဉ်က သောကြာမန္တဗဟုသုတမထေရ်က စောင့်ကြပ်တည်ထားခဲ့သဖြင့် သောကြာမန္တဗဟုသုတစေတီတော် ဟုဘွဲ့တော်ခေါ်တွင်ခဲ့ကြပြီး ခေတ်ကာလကြာမြင့်လာသောအခါ သောကြာမာစေတီတော်ဟု ဘွဲ့တော်ခေါ်တွင်ခဲ့သည်ဟု သိရပါသည်။ စေတီတော်၏ အုတ်တံတိုင်းများမှာ စေတီတော်စတင်တည်ထားစဉ်ကတည်းက တည်ရှိသော အုတ်တံတိုင်းများ ဖြစ်သည်ဟုသိရပါသည်။