ကျိုက်ကော့ရွဲစေတီတော်

Listing Description

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဘီလူးကျွန်းမြို့၊ ကညှော်ကျေးရွာ၏ အရှေ့မြောက်ဘက်တွင် တည်ရှိပါသည်။ စေတီတော်သမိုင်းရာဇဝင်အရ ဗာရာဏရသေ့သည် မြတ်စွာဘုရားရှင် ချီးမြှင့်ပေးအပ်သော ဆံတော်နှစ်ဆူအနက် တစ်ဆူကို ဖံဖရွာမှ စောမောင်ဖနှင့်ဇနီးဖြစ်သူ ဣထော်နုမော်တို့အား ပြန်လည်ပေးအပ်ပြီး စေတီတစ်ဆူတည်ထားစေခဲ့သည်။ စောမောင်ဖတို့ ဇနီးမောင်နှံသည် မြန်မာသက္ကရာဇ် ၁၁၁ ခုနှစ်၊ တန်ခူးလပြည့်နေ့တွင် ယင်းဆံတော်ကို ဌာပနာ၍ စေတီတည်ထားကိုးကွယ်ခဲ့ပြီး စေတီဘွဲ့တော်အား မွန်ဘာသာဖြင့် "ကျာ်ကအ်ရဲ"၊ မြန်မာဘာသာဖြင့် "ကျိုက်ကော့ရွဲစေတီတော်"ဟူ၍ ခေါ်တွင်ခဲ့ပါသည်။