ဟားခါးမြို့၌ မဲဆန္ဒရှင်ပြည်သူများ ပျော်ရွှင်စွာ ဆန္ဒမဲပေး

Listing Description

ဟားခါး နိုဝင်ဘာ ၈

ဟားခါးမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ ယနေ့ နံနက် ၆ နာရီ မှစ၍ ပျော်ရွှင်စွာ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

ဟားခါးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် ဆန္ဒမဲပေးရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ပျော်ရွှင်စွာ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ဟားခါးမြို့နယ်အတွင်း ဆန္ဒမဲပေး နိုင်သည့် မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း ၃၉၂၀၄ ဦး၊ မဲရုံ ၉၅ ရုံ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၇ ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း လေးဦး၊ ပါဝင်ယှဉ်ပြိုင် သည့် ပါတီသုံးပါတီ၊ မဲရုံလုံခြုံရေးအထူးရဲ ၉၅ ဦး၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် စုစုပေါင်း ၁၁၄၀ ရှိကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)