နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ ဦးအရိယကျောင်း၌ ကျင်းပ

Listing Description

ရန်ကုန် ဒီဇင်ဘာ ၉

မြို့မကျောင်းသားကျောင်းသူဟောင်းအသင်း၏ စီစဉ်မှု ဖြင့်မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့် ကျော် ၁၀ ရက်၊ ခရစ်နှစ် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၉ ရက် တွင်ကျရောက်သော နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲ နေ့အခမ်းအနားကို ယူနီဗာစတီအက်ဥပဒေ သပိတ် တိုက်ပွဲ စတင်ဆင်နွှဲရာအောင်မြေ ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ ဦးအရိယကျောင်းရှေ့ အမျိုးသားရေး ကျောက်တိုင်နေရာ၌ ကိုဗစ် ၁၉ ကာလ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်စည်းကမ်းနှင့် အညီကျင်းပသည်။

ရှေးဦးစွာအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် လွှတ်တော်ဥက္ကဋ္ဌ ဦးတင် မောင်ထွန်းတို့က မင်္ဂလာစည်တော်နှင့် မင်္ဂလာမောင်းတို့ကို သုံးချက်စီ တီး၍ ဖွင့်လှစ်ပေးသည်။

ထို့နောက်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြား ရာတွင် ပြည်သူအားလုံးက အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ် ရှင်သန် မွေးမြူရေးအမျိုးသားအောင်ပွဲနေ့ကို နှစ်စဉ်ကျင်းပလာခဲ့ သည်မှာ ယခုနှစ်သည် နှစ်၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်သည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေး၊ စည်းလုံးညီညွတ်ရေးအတွက် အလွန်ပင်အရေးကြီးပါ ကြောင်း၊ အမျိုးသားအောင်ပွဲနေ့သည် ကျွန်ပညာရေးစနစ် ကို တွန်းလှန်ပြီး လွတ်လပ်ရေးအောင်ပွဲရသည်အထိ ကြိုးပမ်းနိုင်ခဲ့သည့် လှုပ်ရှားဆောင်ရွက်မှုကြီးပင်ဖြစ် ကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် မြို့မကျောင်းသားကျောင်းသူဟောင်း အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်တိုးတို့က အမျိုးသား အောင်ပွဲနေ့ပေါ်ပေါက်လာပုံနှင့် စပ်လျဉ်း၍ အသီးသီး ပြောကြားကြသည်။

ယင်းနောက် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တက်ရောက်လာသူများက ယူနီဗာစတီသပိတ်မှောက် ကျောင်းသားများကောင်စီဝင် ကျောင်းသားကြီး ၂၆ ဦး၏ အမျိုးသားရေးကျောက်တိုင်ရှေ့တွင် ဂုဏ်ပြုအလေးပြုခြင်း၊ မြို့မကျောင်းသား ကျောင်းသူဟောင်းအသင်း ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမြင့်တိုးနှင့်အမှုဆောင်များက ဆုတောင်း အမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ကြသည်။

အဆိုပါအခမ်းအနားမစတင်မီ နံနက်စောစောပိုင်းက မြို့မအမျိုးသားကျောင်းသားကျောင်းသူဟောင်းအသင်းမှ လူငယ်လေးများက သပိတ်မှောက်ကျောင်းသား ၂၆ ဦး ၏ နာမည်ပါပိုစတာများ ကိုယ်စားပြုကိုင်ဆောင်ကာ အမျိုးသားရေးကျောက်တိုင်ရှေ့၌ ဂုဏ်ပြုအလေးပြုခြင်း၊ဆုတောင်းအမျှပေးဝေခြင်းတို့ကိုဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်မြို့ ဗဟန်းကြားတောရလမ်းရှိ ဦးအရိယ ကျောင်းတိုက်သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၄ ရက် ညနေပိုင်းတွင် ရန်ကုန်ကောလိပ်ကျောင်းသားကြီး ၂၀ နှင့် ဂျပ်ဆင်ကောလိပ်ကျောင်းသား ခြောက်ဦးတို့က ယူနီဗာ စတီအက်ဥပဒေကို ဆန့်ကျင်သပိတ်တိုက်ပွဲဆင်နွှဲသွား ရန် စည်းဝေးဆုံးဖြတ်ခဲ့သော သမိုင်းဝင်အောင်မြေနေရာပင်ဖြစ်သည်။

အာကာစိုး၊ ဓာတ်ပုံ - တင်စိုး