သန္တာဗိုလ်

Listing Description

၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည် ။ မွေးချင်း သုံးယောက် အနက် အငယ်ဆုံးဖြစ်ပြီး အစ်မနှစ်ယောက်ရှိသည်။ အစ်မဖြစ်သူ ချောရတနာသည်လည်း အကယ်ဒမီဆုရှင် အကယ်ဒမီဆုရှင်တစ်ယောက်ဖြစ်သည်။ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဗဟန်းတွင် ပညာသင်ကြားခဲ့ပြီး ဒဂုံတက္ကသိုလ်မှ သမိုင်း ဘွဲ့ ရရှိခဲ့သည်။

John Lwin's John International Modeling Agency ကိုတက်ရောက်ခဲ့ပြီး မော်ဒယ်တစ်ယောက်အဖြစ် စီးပွားရေးကြော်ငြာများ၊ သီချင်းဗီဒီယိုများ၊ မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံများတွင် ပါဝင်သရုပ်ဆောင်ခဲ့ရာ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများမှ သတိထားမိလာပြီး ရုပ်ရှင်သရုပ်ဆောင်ရန် ကမ်းလှမ်းခဲ့ကြသည်။

၂၀၁၀ ခုနှစ်တွင် ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး) ရိုက်ကူးသော “ယွန်း” ဇာတ်ကားတွင် ကျော်ရဲအောင်၊ စိုးမြတ်သူဇာတို့နှင့်အတူ ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် ဗီဒီယိုဇာတ်ကားများစွာ ရိုက်ကူးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် “အဖြူရောင်ရဲတိုက်” ရုပ်ရှင်ဇာတ်ကားတွင် နေတိုး၊ ပြေတီဦး၊ ကောင်းပြည့်၊ အိန္ဒြာကျော်ဇင်တို့နှင့်အတူ ပွဲဦးထွက်ပါဝင်သရုပ်ဆောင်ခဲ့သည်။ အဆိုတော် တစ်ယောက်အနေဖြင့်လည်း ၂၀၁၃ ခုနှစ်တွင် “နားလည်ပေးပါကို” အယ်လ်ဘမ် ထွက်ရှိခဲ့ပြီး ပရိသတ်များအကြား ရေပန်းစားခဲ့သည်။

၂၀၁၉ ခုနှစ်တွင် “မိုးဆောင်းနွေ” ရုပ်သံဇာတ်လမ်းတွဲတွင် တိုင်ရွန်ဘီဂျေ၊ ကြက်ဖ၊ ကျော်ကျော်၊ ဖူးစုံ၊ ဆုမြတ်နိုးဦးတို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဗီဒီယိုဇာတ်ကားများ

ယွန်း (၂၀၁၀)

နယ်ရုပ်ကလေးနှစ်ရုပ် (၂၀၁၃)

အဖေ့ကျောင်း (၂၀၁၆)

ရွေးရခက်ကြီး (၂၀၁၆)

သရီးအင်ဝမ်း (၂၀၁၇)

မာယာတရေးနိုး (၂၀၁၇)

ဝိရောဓိဖတ်စာ (၂၀၁၇)

ကုဋေရှစ်ဆယ် သုဘရာဇာ (၂၀၁၇)

ရုပ်ရှင်များ

အဖြူရောင်ရဲတိုက် (၂၀၁၃)

ကိုယ့်အထာနဲ့ကိုယ် ( ၂၀၁၃)

ဇွတ်ကျား (၂၀၁၇)

အဝေးချစ် (၂၀၁၇)

ပင်လယ်ကြီးကဘာပြောလဲ (၂၀၁၈)