ဒေါ်သန်းသန်းနု

Listing Description

၁၉၄၇ ခု၊ အောက်တိုဘာလ ၃ ရက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဦးနုနှင့် ဒေါ်မြရီတို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။

Methodic English High School( အထက ၁ ဒဂုံ) ၊ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်း(TTC) ၊ မရမ်းခြံကျောင်း(အထက ၁ ကမာရွတ်)နှင့် မြို့မကျောင်း( အထက၂ ဒဂုံ ) တို့တွင် အခြေခံပညာကိုသင်ကြားခဲ့ပြီး စီးပွားရေးတက္ကသိုလ်မှ ၁၉၆၈ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။

နိုင်ငံရေး အရှုပ်အထွေးကြောင့် ဖခင်ဖြစ်သူ တိမ်းရှောင်ရသည့် ၁၉၆၉ ခု၊ ဧပြီလတွင် အိန္ဒိယသို့ သင်းသင်းနုပါ ပါသွားသည်။

၁၉၈၀ မှ ၂၀၀၃ ခုအထိ အိန္ဒိယ နိုင်ငံပိုင် အသံလွှင့်ဌာန (All India Radio) တွင် ဘာသာပြန်အသံလွှင့်သူ လုပ်သည်။

၂၀၀၃ ခု၊ မတ်လတွင် မြန်မာနိုင်ငံသို့ ပြန်လာသည်။

၂၀၀၇ ခုနှစ်တွင် “မျက်စိအကြောင်း သိကောင်းစရာများ” စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စားလှယ်အနေဖြင့် မန္တလေးမြို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။

ဦးအောင်ငြိမ်းနှင့် လက်ထပ်ရာ ရှိန်မင်းနှင့် အောင်စည်ဟူသော သား ၂ ယောက် ရှိသည်။ ရှိန်မင်းမှာ အမေရိကန်ပြည်ထောင်စု၊ လော့အိန်ဂျလိမြို့တွင် နေထိုင်ပြီး အောင်စည်မှာ ဩစတြေးလျနိုင်ငံ၊ ကန်ဘာရာမြို့တွင် သုတေသီအဖြစ် အမှုထမ်းသည်။