ချမ်းမြေ့မောင်ချို

Listing Description

ချမ်းမြေ့မောင်ချိုကို ၁၉၉၉ စက်တင်ဘာ ၂၀ တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ သူမသည် သင်္ဘောသားမောင်မောင်ချိုနှင့် အဆိုတော် အိအိတို့၏ အငယ်ဆုံးသမီးဖြစ်၍ အစ်ကိုဖြစ်သူ သူရမောင်ချိုမှာ သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း မှအထက်တန်းပညာ ပြီးစီးခဲ့သည်။

အသက် (၁၈) နှစ်အရွယ် (၂၀၁၇) ခုနှစ်တွင် မိခင်နှင့်အတူတွဲဖက်၍ ပထမဆုံးအကြိမ်အဖြစ် စင်မြင့်ထက်တွင် စတင်သီဆိုခဲ့သည်။ ထို့နောက် Myanmar Idol တတိယရာသီပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် သူမ၏ ပထမဆုံး တစ်ကိုယ်တော်သီချင်းတစ်ပုဒ် ဖြစ်သည့် “အိပ်မက်” သီချင်းကို ဖြန့်ချိခဲ့ပြီး JOOX နားထောင်သူများအကြား လူကြိုက်အများဆုံး ဖြစ်လာခဲ့သည်။

တစ်ကိုယ်တော် အယ်လ်ဘမ် Eleven ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။

စုံတွဲသီဆိုမှုများ

အိပ်မက်ထဲမှာဆုံချင်တယ် (၂၀၁၈) စည်သူလွင်နှင့်အတူ

We are one (၂၀၁၉) Y3llO နှင့်အတူ

အချစ်ရှိသောနေ့စွဲများ (၂၀၁၉) မျိုးကျော့မြိုင်နှင့်အတူ

အိမ်ပြန်ချိန် (၂၀၂၀) PAST12/Daniel Saw တို့နှင့်အတူ

အငွေ့အသက်များ (၂၀၂၀) Ah Boyနှင့်အတူ

သမီးချော့တေး (၂၀၂၀) အိအိနှင့်အတူ

Virus (၂၀၂၀) Esther Dawt Chin Sung , Benjamin Sum , Saw Htet Naing Soe , David Lai တို့နှင့်အတူ

သီချင်းဟောင်း ပြန်လည်သီဆိုမှု

မွန်တို့ဌာ‌နေ (၂၀၂၀)

စွယ်တော်နှလုံးသား (၂၀၂၀၊ မိခင်ဖြစ်သူ တေးသံရှင် အိအိနှင့်အတူသီဆိုသည်။

‌မောင်ဘဦး (၂၀၂၀)