သီပေါမြို့နယ်၌ ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများလွတ်လပ်စွာဆန္ဒမဲပေး

Listing Description

သီပေါ နိုဝင်ဘာ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒ ရှင်များက အေးချမ်းစွာဆန္ဒမဲ လာရောက်ပေးကြသည်ကို တွေ့ရ သည်။ (အောက်ပုံ)

မဲရုံအသီးသီး၌ သက်ဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပါတီကိုယ်စားလှယ်များ၊ လေ့လာ စောင့်ကြည့်သူများ စသည့် အသိ သက်သေများ ရှေ့မှောက်တွင် မဲပုံး ပိတ်ခြင်း၊ မဲရုံလုံခြုံရေး ကြိုးတပ်ဆင် ခြင်းများ ဆောင်ရွက်ကြပြီး နံနက် ၆ နာရီတွင် မဲရုံစတင်ဖွင့်လှစ်သည်။

ထို့နောက် ပြည်သူများ လာရောက် ဆန္ဒမဲပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်း သတ်မှတ်ချက်များနှင့် အညီ လိုက်နာ၍ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် တစ်ဦးနှင့် တစ်ဦး ခြောက်‌ပေကွာတန်းစီစေခြင်း၊ အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်းများ ဆောင်ရွက်ကြ သည်။ အဆိုပါ ရပ်ကွက်/ ကျေးရွာ ဆန္ဒမဲပေးရာ မဲရုံအသီးသီးသို့ မြို့နယ် ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းသာလှိုင်နှင့် အဖွဲ့ခွဲဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးပြီး လိုက်လံ ကြည့်ရှုကြသည်။

သီပေါမြို့နယ်တွင် မြို့ပေါ် ၁၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၇ အုပ်စု၊ ကျေးရွာပေါင်း ၄၇၆ ရွာ မဲရုံ ၁၁၁ ရုံတို့ တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၃၆၀၂၁ ဦးတို့ က မိမိတို့ကြိုက်နှစ်သက်ရာ ပါတီကို လွတ်လပ်စွာမဲပေးကြကြောင်း သိရ သည်။

စိုင်း(သီပေါ)