ဆိုဖီယာအဲဗားရက်စ်

Listing Description

အဆိုတော်နှင့် သရုပ်ဆောင် ဆိုဖီယာအဲဗားရက်စ် (Sophia Everest) ကို ၁၉၉၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း မြတ်စုခိုင်ဖြစ်သည်။ မွေးချင်း ၃ ယောက်အနက် ဒုတိယသမီး ဖြစ်ပြီး အစ်မတစ်ယောက်၊ မောင်တစ်ယောက် ရှိသည်။

ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း တက်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံ Republic Polytechnic ကျောင်းမှ ၂၀၁၄ ခုနှစ်တွင် ဇီဝနည်းပညာဘွဲ့ကို ရရှိခဲ့သည်။ ကလေးဘဝကပင် အဆိုဝါသနာပါခဲ့ပြီး City FM ပြိုင်ပွဲများတွင် ပါဝင်ခဲ့ပြီး အသက် ၁၁ နှစ်အရွယ်တွင် ပထမဆုရရှိခဲ့သည်။

အဆိုတော်ဘဝကို Myanmar Idol Season (1) တွင် ယှဉ်ပြိုင်ရင်း စတင်ခဲ့သည်။ မြန်မာအိုင်ဒေါပြီးသည်မှစ၍ ဖျော်ဖြေပွဲများစွာတွင် သီဆိုဖျော်ဖြေခဲ့သည်။

ပထမဆုံးကျော်ကြားသည့်သီချင်းဖြစ်သည့် "Crush on You" ကို ၂၀၁၆ ခုနှစ် နိုဝင်လာ ၁ ရက်နေ့တွင် ထွက်ရှိခဲ့သည်။ ယင်းနောက် အဆိုတော် X Box ဖြင့်တွဲဖက်သီဆိုသည့် Snapshotသီချင်းသည် ပရိသတ်များကိုအထူးဆွဲဆောင်နိုင်ခဲ့သည်။ ပထမဆုံးပွဲဦးထွက် တစ်ကိုယ်တော်တေးစီးရီးဖြစ်သည့် Never Mind (NVM) ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖြန့်ချိခဲ့ပြီး ၂၀၁၇ ခုနှစ်၏ အရောင်းရဆုံးတေးစီးရီးတွင် နံပါတ် ၄ တွင် ရပ်တည်ခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ဒုတိယခွေဖြစ်သည့် “နင့်ရဲ့” ကို ဖြန့်ချိခဲ့သည်။

Single Song အဖြစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် တေးရေး Moe Htet B+ ရေးသားထားသော MEDUSA အမည်ရှိသီချင်းအား မိုးထက်နှင့်အတူ တွဲဖက်သီဆိုခဲ့သည်။

ပထမဆုံးရုပ်ရှင်ဖြစ်သော "နောင်ဘယ်တော့မှမမုန်း" ကို သရုပ်ဆောင် သူရိယ၊ ဆုအိမ့်စံတို့နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ပြီး အောက်တိုဘာ ၂၀၁၇ တွင် ထွက်ရှိခဲ့သည်။ သူရိယနှင့်ပင် နောက်ကျောကဓား ရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး နိုဝင်ဘာလတွင် ထွက်ရှိခဲ့သည်။

Tuborg ဘီယာ၏ ambassador အဖြစ် ၂၀၁၈ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ခန့်အပ်ခြင်းခံရသည်။