ချောရတနာ

Listing Description

၁၉၈၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ဒဂုံတက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ သူမ၏ ညီမဖြစ်သူ သန္တာဗိုလ်သည်လည်း အောင်မြင်သော သရုပ်ဆောင်အနုပညာရှင် တစ်ယောက်ဖြစ်သည်။

၂၀၀၂ ခုနှစ်တွင် ကိုကျော်လင်းနှင့် လက်ထပ်ခဲ့ပြီး သားတစ်ယောက် သမီးတစ်ယောက် မွေးဖွားခဲ့သည်။

၂၀၁၂ ခုနှစ်တွင် “ဥ” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သည်။

အနုပညာသက်တမ်းတစ်လျှောက် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားပေါင်း ၁၇၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ထားသည်။