ရွှေဂူကြီးမဟာစေတီ

Listing Description

ရွှေဂူကြီးမဟာစေတီသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီး (ဆူးတပ်) ကျေးရွာတွင် တည်ရှိပါသည်။ သာသနာတော်နှစ် ၅၄ ခုနှစ်တွင် သမ္ဘူလစိတ္တ ကံရာဇာကြီးမင်းက စတင်တည်ထားခဲ့ပြီး နောက်ပိုင်းတွင် ပုဂံခေတ် အလောင်းစည်သူမင်းကြီး နှင့် အင်းဝခေတ် သတိုးမိုးညှင်းမင်းကြီးတို့မှ ထပ်မံပြင်ဆင် ကိုးကွယ်ခဲ့ကြသည်ဟု သိရပါသည်။ ယခုလက်ရှိ ဖူးမြော်မြင်တွေ့ရသော စေတီတော်မှာ မူးကမ်းကြီးရွာ ပေါက်တောကျောင်းဆရာတော် ဦးစာရိန္ဒနှင့် ဦးကေတု မထေရ်မြတ် နှစ်ပါးက နယ်သူ/ နယ်သားများ ကောင်းမှုဖြင့် မန္တလေး လောကမာရ်ဇိန် အိမ်တော်ရာ စေတီကို ပုံစံယူ တည်ထားခဲ့သည်ဟု ဆိုပါသည်။ ရွှေဂူကြီးမဟာစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တန်ခူးလဆန်း ၅ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါသည်။