ပိတုန်းပဒိုင်းဘုရား

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ရင်ပြင် တနင်္လာဂြိုဟ်တိုင်နှင့် အင်္ဂါဂြိုဟ်တိုင်အကြားတွင် တည်ရှိသော စိန်မပုတန်ဆောင်းအတွင်း တည်ရှိသည်။ ဘေးတစ်ဖက်တစ်ချက်တွင် ပိတုန်းရုပ်ထုထားရှိပြီး ပိတုန်းများသည် ပဒိုင်းရွက်ကို နင်းပြီး ပဒိုင်းပွင့်ကို ကိုက်ချီကာ ဘုရားကို ပူဇော်နေဟန်ထုလုပ်ထားပါသည်။ ပိတုန်း ပဒိုင်း ဆိုသည်မှာ ကြာသပတေး၊ စနေကက်ကင်းဓာတ်ရိုက်ပြီး ဘွဲ့အမည်ပေးထားခြင်းလည်းဖြစ်ပါသည်။ ယခုခေတ်တွင် သိသူနည်းပြီး ရှေးယခင်လက်ထက်ကလည်း အတိုက်ခိုက်ကင်းလိုသူများ အထူးတလည်ဖူးမျှော်ကြသော ဘုရားလည်းဖြစ်ပါသည်။