ဗောဓိတစ်ထောင်လျောင်းတော်မူဘုရားကြီး

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၏ အရှေ့တောင်ဘက် ၉ မိုင်ကျော်ခန့်အကွာ ခတက္ကန်တောင်ရွာ ဇီးဖြူတောင် ဗောဓိတစ်ထောင်သာသနာ့နယ်မြေအတွင်း ရွှေသာလျောင်း ဗုဒ္ဓရပ်ပွားတော်ကြီး တည်ရှိပါသည်။ မြန်မာသက္ကရာဇ် ၁၃၅၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက်၊ (၈.၁.၁၉၉၁)၊ အင်္ဂါနေ့တွင် လျောင်းတော်မူကြီး၏ ပလ္လင်တော်ကြီးကို စတင်ပန္နက်ချ တည်ထားကိုးကွယ်ထားသည်။ မြန်မာနိုင်ငံတွင် လျောင်းတော်မူဘုရားကြီး ၉ ဆူရှိသည့်အနက် ဒုတိယအကြီးဆုံးရုပ်ပွားတော်မြတ်ကြီးဖြစ်ပြီး အလျားဉာဏ်တော် ၃၃၃ ပေ၊ အနံ ၆ဝ ပေ ရှိပါသည်။ ဘုရားကြီး၏ ဦးခေါင်းတော်ကြီးသည် ပေ ၆ဝ အမြင့်ရှိပါသည်။ ဘုရားကြီး၏အတွင်း၌ လိုဏ်ခေါင်းပါဝင်ပြီး အတွင်းဘက်သို့လည်း ဝင်ရောက်ဖူးမြော်နိုင်ပါသည်။