ကချင်ပြည်နယ်က မဲဆန္ဒနယ်တချို့မှာ NLD အနိုင်ရ၊ အင်ဂျန်းယန်မှာ ၃ နေရာလုံးရှုံး

Listing Description

ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ မိုးညင်းနဲ့ ဝိုင်းမော်တို့မှာ လွှတ်တော်နေရာအားလုံး NLD ပါတီ အနိုင်ရရှိတယ်လို့ ကချင်ပြည်နယ်အခြေစိုက် ဘီဘီစီသတင်းထောက်ကပြောပါတယ်။ တနိုင်းမှာ လွှတ်တော် နေရာ လေးနေရာအနက် ပြည်နယ်လွှတ်တော်တစ်နေရာကလွဲလို့ ကျန် ၃ နေရာမှာ NLD ပါတီ အနိုင်ရတယ်လို့ သိရပါတယ်။ ချီဖွေမှာတော့ ပြည်နယ်လွှတ်တော်နေရာနဲ့ ပြည်သူ့လွှတ်တော်နေရာတွေမှာ အခြေအနေကောင်းနေပြီး မိုးကောင်း၊ ဖားကန့်၊ ရွှေကူ၊ ဗန်းမော် ၊ ပူတာအို၊ မချမ်းဘော့ တို့မှာလည်း NLD အနိုင်ရရှိကြောင်း ဒေသခံသတင်းထောက်က ပြောပါတယ်။ မိုးမောက်မှာတော့ အမျိုးသားနဲ့ပြည်သူ့လွှတ်တော်နှစ်နေရာလုံး အနိုင်ရတယ်လို့ သိရပါတယ်။ အင်ဂျန်းယန် မဲဆန္ဒနယ်မှာတော့ ၃ နေရာလုံး NLD ပါတီ ရှုံးနိမ့်သွားပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နေရာအတွက် ကချင်ပြည်နယ်ပြည်သူ့ပါတီ က အနိုင်ရသွားတာဖြစ်ပြီး ပြည်နယ်လွှတ်တော်နေရာအတွက် ယခင် KIO ဥက္ကဋ္ဌဟောင်း ဘရန်ဆိုင်း သမီးဖြစ်သူ ဒေါ် ဂျာဆိုင်းခေါင်န်က တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် အနိုင်ရသွားတာဖြစ်ပါတယ်။ ဆွမ်ပရာဘွမ်မှာလည်း နေရာ ၄ နေရာလုံးမှာ NLD ပါတီ ရှုံးနိမ့်သွားတယ်လို့ သိရပါတယ်။ ချီဖွေ၊ မံစီ၊ ခေါင်လန်ဖူးနဲ့ ဆော့လော်ဘက်က ရလဒ်တွေကိုတော့ ပြတ်ပြတ်သားသားမသိရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။

Crd BBC News