မိုးညှင်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲပေး

Listing Description

မိုးညှင်း နိုဝင်ဘာ ၈

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ယနေ့ နံနက် ၆ နာရီမှစ၍ ညနေ ၄ နာရီအထိ မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၆၀ တွင် ဖွင့်လှစ်ထားသည့် မဲရုံပေါင်း ၁၀၆ ရုံတွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နည်းလမ်းများနှင့် အညီမဲပေးနိုင်ရေးအတွက် ဆန္ဒမဲပေးရန် လာရောက်သူများအား ကိုယ်အပူချိန်တိုင်း ခြင်း၊ နှာခေါင်းစည်းများ စနစ်တကျ လဲလှယ်တပ်ဆင် စေခြင်း၊ ခြောက်ပေခြား တန်းစီစေခြင်းများကို ဆောင်ရွက် စေခဲ့သည်။

မိုးညှင်းမြို့နယ်၌ နိုင်ငံရေးပါတီ ၁၂ ပါတီ နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအပါအဝင် လွှတ်တော် သုံးရပ်အတွက် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းတို့တွင် ၁၄ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မြို့နယ်တစ်မြို့နယ်လုံးရှိ မဲရုံ ၁၀၆ ရုံတွင် တာဝန် ထမ်းဆောင်ရန် မဲရုံအဖွဲ့ဝင်ပေါင်း ၁၆၄၄ ဦးကို တာဝန်ချ ထားသည့်အပြင် ယခုနှစ် ထူးခြားချက်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် မဲရုံတစ်ရုံတွင် လူငါးဦးအား ထပ်ဆောင်း တာဝန်ထမ်းဆောင်စေကြောင်း ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)