ပန်းရောင်ခြယ်

Listing Description

အဆိုတော် ပန်းရောင်ခြယ်ကို ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အဆိုတော် ဂရေဟမ် နှင့် သင်ဇာဦးတို့မှ ရန်ကုန်မြို့ ၌ မွေးဖွားသည်။ သူမတွင် ပန်းသွန်းခြယ် ဟု ခေါ်သော ညီမတစ်ယောက်ရှိသည်။

၉နှစ် အရွယ်တွင် Yin Mar Record Label's ၏ ကလေးသီချင်းများ အယ်လ်ဘမ် အတွက် သူမ၏ "Twinkle Twinkle Little Star" သီချင်းကို ထည့်သွင်းခဲ့သည်။

၁၁ နှစ်အရွယ်တွင် မိသားစုနှင့်အတူ ဩစတေးလျသို့ ပြောင်းရွေ့ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မိသားစုနှင့်အတူ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြသည်။ St Brigid's College မှ ၂၀၁၃ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။

တက္ကသိုလ်ပညာရေး မပြီးမီ ပွဲဦးထွက် အယ်လ်ဘမ် Wake Up Daddy အတွက် သူမ၏ အဖေ ဂရေဟမ်နှင့်အတူ စတင်ဖြန့်ချိခဲ့သည်။ အယ်လ်ဘမ် ၌ လူကြိုက်အများဆုံး သီချင်းမှာ (Wake Up Daddy) ဖြစ်သည်။  အယ်လ်ဘမ်တွင် သီချင်း Video ၁၄ ပုဒ် ပါဝင်ခဲ့သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၉ရက်နေ့တွင် သူမ၏ အဖေနှင့်အတူရေးသားထားသော "Butterflies" သီချင်းကို Facebook၊ YouTube Channel တို့တွင့် လွှင့်တင်ခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၁၆ရက်နေ့ တွင် သူမအကြောင်းရေးသားထားသော"You Set Me Free" သီချင်းကို Facebook, YouTube channel တို့တွင် တင်ပေးခဲ့ပြန်သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် "လိပ်ပြာ" ရုပ်သံဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၆ မှ ၂၀၁၇ အတွင်း Dutch Mill အချိုရည် အတွက် ကိုယ်စားလှယ်အဖြစ် နှင့် ၂၀၁၉ ခုနှစ်တွင် Sun Silk ခေါင်းလျော်ရည် အတွက် ကိုယ်စားလှယ် အဖြစ် ခံအပ်ခြင်းခံရသည်။  ထို့အပြင် သူမသည် Nescafe ကော်ဖီတွင်လည်း ၁ နှစ် တိုင်အောင် ကိုယ်စားလှယ် အဖြစ်လုပ်ကိုင်ဆောင်ခဲ့ဖူးသည်။ ၂၀၁၉ ခုနှစ်တွင် Samsung ၏ နောက်ဆုံးပေါ်ထုတ်ကုန်များ ကြော်ငြာရန် အတွက် ကိုယ်စားလှယ်အဖြစ် ခံအပ်ခြင်းခံရသည်။

တစ်ကိုယ်တော် အယ်လ်ဘမ်များ

Wake Up Daddy! (၂၀၁၅)

Single သီချင်းများ

Butterflies (2018)

You Set Me Free (2018)

Let It Go (2018)

ပါဝင်သီဆိုဖူးသော သီချင်းများ

Ba Wa Ye' A Date Bal (Myit Zi Ma Go Thwar Ja Myi) (2014)

မောင်လူချော (Padamyar FM) (2016)

Dream Holiday (Cherry FM 7th Anniversary) (2017)

ကြင်နာခြင်းရယ်အချစ်ရယ် (Sal Nhit Sal Moe) (2017)

ကနဦးပုံပြင် (Sal Nhit Sal Moe) (2017)

Tha Chin Ne' Ka Khone Lite (Thingyan Fever) (2017)

Kat Chit Mal (April Queens) (2017)

အမုန်းနိဒါန်း (Music Soon Lan Lil' Chan - လစ်တယ်(လ်)ချမ်း (2017)

Shall We Meet Again (Kiss Museum - James) (2017)

ဒိုင်ယာရီ (Gi Ta Bay Da - လွှမ်းပိုင်) (2017)

Bar Kyaunt (Man Thiri 20th Anniversary) (2018)