ဂုဏ်ဝင်း (၁၉၂၉ - ၂ဝဝ၂)

Listing Description

၁၉၂၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့၌ အဖအမျိုးသားပညာဝန် ဦးစိုးဝင်း၊ အမိဒေါ်မမကြီး တို့ကဖွားမြင်သည်။ မွေးချင်း(၃)ယောက်အနက် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ ဦးအောင်သန်းဝင်း ဖြစ်သည်။

ရန်ကုန်၊ ရေကျော် မသဒစ်ကျောင်းတွင် မူလတန်းပညာကို သင်ယူခဲ့သည်။ ၁၉၄၁ ခုနှစ် တွင် ဖခင်အလုပ်ပြောင်းရွှေ့ရာ မော်လမြိုင်မြို့သို့ လိုက်ပါခဲ့ပြီး မော်လမြိုင် ရှင်မဟာဗုဒဃောသကျောင်းတွင် ဆက်လက်သင်ကြားခဲ့သည်။ စစ်ပြီးကာလတွင် မော်လမြိုင်မြို့ ဒိုင်ဝန်းကွင်း အစိုးရကျောင်းတွင် နဝမတန်းအထိ ပညာသင်ယူခဲ့သည်။ ၁၉၄၇ တွင် ဗဟန်းအစိုရကျောင်းမှ ကျောင်းထွက်လက်မှတ် ရစာမေးပွဲနှင့် ၁၉၅၁ တွင် တက္ကသိုလ်တွင် တက်ရောက်သင်ယူခဲ့ရာ ၁၉၅၄ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရခဲ့သည်။

၁၉၅၄ ခုနှစ်တွင်စာပေဗိမ္မာန်၌စာပြုအဖြစ်အမှုထမ်းခဲ့သည်။၁၉၅၈ တွင် လက်ထောက်အယ်ဒီတာ ထို့နောက် လက်ထောက်စာကြည့်တိုက်မှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၆၁ ခုနှစ်မှစ၍ ဘီအိုစီကုမဏီတွင် သတင်းနှင့်ပြန့်ကြားရေးဝန်အရာရှိ၊ ၁၉၆၃ ခုနှစ်တွင် ပြည်သူ့ရေနံ လုပ်ငန်း (နောင်မြန်မာ့ရေနံကော်ပိုရေးရှင်း) အုပ်ချုပ်မှုအရာရှိအဖြစ် ဝင်ရောက်အမှုထမ်းဆောင်ခဲ့သည်။ ထို့နောက် ၁၉၈၅ ခုတွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းရုံးအဖွဲ့မှူးအဖြစ်မှ အငြိမ်းစားယူခဲ့သည်။ ၁၉၄၇ ခုနှစ်မှစ၍ ဒီးဒုတ်ဂျာနယ်တွင် စာစရေးသည်။ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း(၁၉၅၂ ၅၃)တွင် မြန်မာစာတည်းအဖြစ်ဆောင်ရွက် ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင်စတင်တည်ထောင်သည့် ကလောင်အသင်း၏ အထွေထွေအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံစာရေးဆရာ စာပေကလပ် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံစာရေးဆရာ သမဂ္ဂ တို့တွင် အမှုဆောင် အဖြစ်တာဝန်ယူခဲ့သည်။

ကဗျာ၊ဆောင်းပါး၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ စုံထောက်ဝတ္ထု ဘာသာပြန် များစွာရေးသားခဲ့သည်။ ပြား (၆၀)တန် ဝတ္ထုခေတ်တွင် ထိုက္ကတ္ထိ (၁၉၆၀)၊ ချစ်လျှက်နှင့်ပင် (၁၉၆၁)၊ ပင်လယ်လမ်းတို့ကို ရေးခဲ့သည်။ အရိုင်း ခေါ်သံ (၁၉၅၈) (Jack London ၏ call of the wild)၊ တွမ်ဆောယား (၁၉၅၆)၊ မဟာပထဝီ(၂)တွဲ (၁၉၆၀) ကိုလည်းဘာသာပြန်ခဲ့သည်။ တရိစ္ဆာန်ရုံကဗျာများ (၁၉၆၈) ကိုပြုစုခဲ့သည်။ ဂုဏ်ဝင်းအပြင် အေးမွန်ကလောင် အမည်ဖြင့်လည်း ရေးခဲ့သည်။

ဆရာဂုဏ်ဝင်းသည် ၂ဝဝ၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ကွယ်လွန်သည်။