ဂီတနက်သန်ကိုစောညိန်း (၁၉၂၅ - ၁၉၅၂)

Listing Description

၁၉၂၅ ခု၊ မတ်လ ၃၁ ရက်တွင် မြင်းခြံနယ်၊ နွားထိုးကြီးအပိုင် ရွာသာရွာ၌ ဦးမောင်ကြီး၊ ဒေါ်တင်တို့မှ မွေးသည်။ မိဘများ ရန်ကုန်ပြောင်းလာရာ ၂၁ လမ်းရှိ ဦးဘိုးအေးကျောင်းတွင် ပညာသင်သည်။ (၇) တန်းအောင်ပြီးနောက် သရက်တောကျောင်း ဦးပရမ၏ တိုင်းရင်းသားဘာသာကျောင်းတွင် (၁၀) တန်းအထိ တက်သည်။

ဒုတိယကမ္ဘာစစ်အတွင်း ခရမ်းသို့ စစ်ရှောင်စဉ် ဦးငွေစိုးထံမှ တယော၊ မယ်ဒလင်နှင့် သီချင်းရေးခြင်းကို သင်ယူသည်။

၁၉၄၈ ခုတွင် ရန်ကုန်ပြန်လာ၍ မြန်မာညွန့် ဦးချစ်မောင်၊ ဒေါ်အောင်ကြည်၊ စန္ဒယား ဆရာမြိုင်၊ စောင်း ဦးဘသောင်း၊ ဂီတာ ဦးစိမ်းမောင်၊ ရွှေတိုင်အေးတို့ထံတွင် တပည့်ခံသည်။

၁၉၅၀ ပြည့်တွင် စန္ဒယား ကိုလှသွင် ဦးစီးသော ဆန်းသစ်စ အပျော်တမ်းတူရိယာအဖွဲ့၌ သီချင်းစရေးသည်။ ဝဿန်ခါဦး (မုတ်သုန်လေဦး)၊ ငွေဝန်းသော်တာ၊ ဆောင်းနတ်မယ်၊ နွေဦး စသည်တို့မှာ ဆန်းသစ်စတွင် အသံလွှင့်ဖြစ်သော သီချင်းများဖြစ်သည်။

ထို့နောက် ဂီတနက်သန် ကို ဖွဲ့စည်းကာ ကိုလှထွန်း၊ (စာရေးဆရာ) သန်းဆွေ၊ အောင်လင်း၊ မသန်းမြင့်၊ စန်းစန်းတင့်၊ လှလှထွန်း စသူတို့ဖြင့် အသံလွှင့်သည်။

အေဝမ်းရုပ်ရှင် သက်ဝေ၊ ဗြိတိသျှဘားမားရုပ်ရှင် သည်ဆောင်းဟေမန် တို့အတွက် ဇာတ်ဝင်တေး ရေးပေးခဲ့သည်။

ကဗျာ၊ ဆောင်းပါးများ ရေးခဲ့ပြီး မရဏမောင်းသံ ဝတ္ထုမှာလည်း ထင်ရှားသည်။

၁၉၅၂ ခု၊ အောက်တိုဘာလ ၃၁ ရက်တွင် လူမှား ရန်ပြုခံရ၍ ကွယ်လွန်သည်။

ရေးသားခဲ့သော သီချင်းများ

သပြေရွက်ရေ

နွေနှောင်းဝသန်

စံပယ်

ကောက်စိုက်မယ်

စိမ်းသစ္စာ

နွေဦး

မိုးသက်လေနှင် (နောက်ဆုံးအသံလွှင့်သော သီချင်း)

ငွေဝန်းသော်တာ (မှာလိုက်စမ်းပါရစေ) (ကိုယ်တိုင်ဆိုသည်)

ပွင့်ဦး

သစ္စာတော်ဦး

ဝသန်ခါဦး (မုတ်သုန်လေဦး)

ဆည်းဆာ

ရတုဘုရင်

ဝိဇယ

ချစ်ကန္တာရ

မဗေဒါ

ချစ်တိုင်းမညား

ချစ်ပြုံးနှင်းဆီ

ဝဏ္ဏပဘာ

အရုဏ်

အရုဏ်ဦးမှာ

သည်းကြွေလုပြီ

ဆည်းဆာ

သိင်္ဂီ

မြနဒီ

စာဆိုရှင်

မေတ္တာနှောင်ကြိုး

မယ့်ကြမ္မာ

ဆောင်းညဉ့်

ရွှင်မြူးညိုညို

လှိုင်းရေယာဉ်ဦး

လွမ်းဓလေ့၊

သည်ဆောင်းဟေမန်

မြန်မာ့တေးသံ

မိုး

နှုတ်ခွန်းဆက်လွှာ

ရေးသားသော စာအုပ်

ကဗျာ၊ ဆောင်းပါးများ ရေးခဲ့ပြီး မရဏမောင်းသံ ဝတ္ထုမှာလည်း ထင်ရှားသည်။