ဖြူဖြူကျော်သိန်း

Listing Description

အဆိုတော် ဖြူဖြူကျော်သိန်းကို ဧပြီလ ၂၂ရက်နေ့တွင် ဖခင်ဦးကျော်သိန်း (ညွှန်မှူး(ငြိမ်း) သမဝါယမဝန်ကြီးဌာန)နဲ့ မိခင် ဒေါ်တင်တင်ကြည် (လက်ထောက် ကထိက(ငြိမ်း)စီးပွားရေးတက္ကသိုလ်) တို့က ရန်ကုန်အမျိုးသမီး ဆေးရုံကြီးတွင် မွေးဖွားခဲ့သည်။ အစ်မဖြစ်သူ ညိုညိုသိန်းနှင့် ခုနစ်နှစ်ကွာခြားသည်။ သူငယ်တန်းနှင့် ဒုတိယတန်းကို အ. မ. က (၁၆) စမ်းချောင်း တွင် တက်ရောက်ခဲ့ပြီး တတိယတန်း မှ ဒသမတန်းပညာ အောင်မြင်သည်အထိ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC) ကမာရွတ်တွင် တက်ရောက်ခဲ့သည်။

ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ပထမဆုံးသီချင်းခွေ "လုံးဝမသက်ဆိုင်တော့ပါ" ကို ဖြန့်ချိခဲ့သည်။

၂၀၀၈ ခုနှစ်တွင် Unicef ၏ ထင်ပေါ်ကြော်ကြားသူ ambassador အဖြစ်ခန့်အပ်ခြင်းခံရသည်။

သူမသည် နိုင်ငံတကာတွင် ပွဲပေါင်းများစွာ သွားရောက်ဖျော်ဖြေခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကျော် program တစ်ခုဖြစ်သော Galaxy Star Singin Content တွင် performer နှင့် Guest အဖြစ် ပါဝင်လုပ်ဆောင်ခဲ့သည်။၂၀၁၉ ခုနှစ်တွင် Myanmar Idol ပြိုင်ပွဲ၌ ဒိုင်အဖြစ်ပါဝင်ခဲ့သည်။ သူမသည် မြန်မာနိုင်ငံဂီတအစည်းအရုံး၏ အတွင်းရေးမှူးတာဝန်ကိုလည်း ထမ်းဆောင်လျက်ရှိသည်။

ထွက်ရှိခဲ့သော တေးစီးရီးခွေများ

လုံးဝမသက်ဆိုင်တော့ပါ (၂၀၀၃)

ချစ်သူအမုန်း ကျိန်စာ (၂၀၀၇)

Memoir of a Diva (၂၀၁၁)

"Damsel in distress" (၂၀၁၃)

"Thou shalt be remembered" (၂၀၁၅)

"April Fool (mini-album)" (၂၀၁၆)

Strom (mini-ablum)  (၂၀၁၈)