ဒေါတမကြီးကျေးရွာ

Listing Description

ဒီးမော့ဆို ပြည်နယ်အတွင်းတွင် တည်ရှိသည်။ လွိုင်ကော်မှကားဖြင့် နှစ်နာရီနီးပါး သွားရပါသည်။ ခရီးမိုင်အားဖြင့် ၃၉ မိုင် ခရီးဖြစ်သည်။ တောင်တက်လမ်းကျဉ်းဖြစ်သောကြောင့် မိုးများချိန်တွင် လမ်းပျက်ခြင်း ခရီးမတွင်ခြင်းများ ဖြစ်လေ့ရှိပါသည်။ ကယားလူမျိုးများနေထိုင်သော ရွာကြီးတစ်ရွာဖြစ်သည့်အလျောက် ကယားရိုးရာ အိမ်များ အိမ်တွင်းလက်မှုလုပ်ငန်းများကို တွေ့နိုင်ပါသည်။ ကျေးရွာစာကြည့်တိုက် ဆေးရုံ ဆေးပေးခန်းများဖြင့် လူနေမှုအဆင့်အတန်းမြင့်မားလာသော ကျေးရွာတစ်ရွာဟု ဆိုနိုင်ပါသည်။ ကယားပြည်နယ်၏ ဓလေ့အတိုင်း ရွာပြင်တွင် နတ်ကွန်းများ နတ်ရုပ်များကို တွေ့ရပါသည်။ ရွာသားများသည် နတ်ကိုးကွယ်ယုံကြည်မှုရှိသည်ကို အထင်အရှားတွေ့ရပါသည်။ ရွာလယ်တွင် တံခွန်တိုင်များနှင့် နတ်ပူဇော်သော နတ်စင်များကို တွေ့ခဲ့ရသည်။ နတ်စင်များပေါ်တွင် ပူဇော်ပသထားသော သားကောင်များ၏ အရိုးများကိုလည်း တွေ့မြင်နိုင်ပါသည်။