လွိုင်နန်းဖတောင်

Listing Description

လွိုင်နန်းဖတောင်သည် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တောင်ဖြစ်ပါသည်။ အမြင့်ပေ ၅၀၁၀ ပေမြင့်ကာ ခြေလျင်တောင်တက်ခရီးသွားလုပ်ငန်းအတွက် အရေးပါလာသော တောင်တစ်လုံးဖြစ်လာသည်။ လွိုင်နန်းဖတောင်ထိပ်တွင် မြိုင်ကြီးငူဆရာတော်ဘုရားကြီးမှ ၂၀ဝ၃ ခုနှစ်တွင် ဦးစီးတည်ထားကိုးကွယ်သည့် ဉာဏ်တော်အမြင့် ၄၅ ပေရှိ စေတီတော်နှင့် ကတ်သလစ် ဂိုဏ်းအုပ်ဆရာတော် ဆိုတေးရိုဖားမော ဦးစီး၍ ကတ်သလစ်အသင်းတော်နှင့် နှစ်ချင်းခရစ်ယာန် အသင်း တော်တို့မှ ၁၉၉၅-၉၆ ခုနှစ်တွင် စိုက်ထူခဲ့သည့် အမြင့် ၄၅ ပေရှိ လက်ဝါးကပ်တိုင်တို့အား သက်ဆိုင်ရာ ဘာသာ ဝင်အလိုက် ကြည်ညိုနိုင်ယုံမျှမက ကယားပြည် နယ်၏ သဘာဝအလှအပများကို အပြည့်အဝ ခံစားရရှိနိုင်မည့် နေရာတစ်ခုဖြစ်သည်။