ထီးပွင့်ကန်

Listing Description

ထီးပွင့်ကန်သည် ကယားပြည်နယ် ဒီမော့ဆိုးမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ငွေတောင်ဆည်၏ အရှေ့မြောက်ဘက် တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်း၏ သာသနာ့မြေဧရိတယ်အတွင်း တည်ရှိသည်။ ကန်တော်၏ အလျားမှာ ၂၂၇ ပေနှင့် အနံ ၁၁၅ ပေရှိပြီး ရေပွက်လေးများမှာ ရွံ့နုန်းမြေများဖြင့် ထီးပွင့်ပုံသဏ္ဍန်ရေပြင်ပေါ်သို့ ပြူတက်ကာ ထူးဆန်းစွာ တည်ရှိလျှက်ရှိပါသည်။ ထီးပွင့်ကန်သည် လေ့လာအပန်းဖြေစရာ နေရာတစ်ခုဖြစ်နေသည့်အပြင် ထီးပွင့်ကန်အနီးရှိ သစ္စာကန်သဘာဝရေထွက်ပေါက်မှ တစ်နှစ်ပတ်လုံး ထွက်ပေါ်လျက်ရှိသောရေသည် အနီးဝန်းကျင်ကျေးရွာအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေ ဖူလုံစွာ ပေးဝေနိုင်ပါသည်။