တနီးလာလဲကျေးရွာ

Listing Description

ကယားတိုင်းရင်းသားများနေထိုင်သော တနီးလာလဲကျေးရွာသည် ဒီးမော့ဆို မြို့နယ်တွင် ရှိပါသည်။ လွိုင်ကော်မြို့နှင့် (၁၃) မိုင် အကွာတွင် တည်ရှိပါသည်။ ကယားရိုးရာ စားသောက်ဖွယ်ရာများ နှင့် တံခွန်တိုင်များကို ရိုးရာမပျက် မြင်နိုင်ပါသည်။ ကယားပြည်နယ်၏ ထင်ရှားလှသော ကန်ခုနစ်ဆင့် ရေကန်များနှင့် မနီးမဝေးတွင် ရှိသည်။ ရွာလမ်းအတိုင်း ဝင်သွားသော် ဧည့်သည်များကို ဧည့်ခံရာ ရိုးရာအိမ်ကြီးကို ရွာလယ်တွင် ခမ်းနားစွာ တွေ့မြင်ရပါသည်။ နိုင်ငံခြားသား ဧည့်သည်များသည် ကျေးရွာတွင်းရှိ ကယောလူမျိုးများ၏ နေအိမ်များသို့ လည်ပါတ်ခြင်း နွားလှည်းစီးခြင်း လေးဂွပစ်ခြင်း ရိုးရာအစားအသောက်များ ချက်ပြုတ်စားခြင်းစသော လှုပ်ရှားမှုများကိုပျော်ပျော်ပါးပါး လုပ်ဆောင်လေ့ရှိကြပါသည်။ တနီးလာလဲကျေးရွာတွင် လှပသော ကြာကန်တစ်ကန်ရှိပါသည်။