ငွေတောင်ဆည်

Listing Description

 ကယားပြည်နယ်၊ ဒီမောဆိုးမြို့နယ်တွင် တည်ရှိသော ဆည်တစ်ခု ဖြစ်ပါသည်။  ၁၉၆၂ ခုနှစ်တွင် ငွေကျပ် ၂၀.၁၇ သန်း အကုန်အကျခံ၍ မြေသားတမံအမျိုးအစားအဖြစ် တည်ဆောက်ခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ အမြင့် ၃၅ ပေရှိ မြေသားတမံဖြစ်ပြီး အလျား ပေ ၆ဝဝဝ ရှိသည်။ ကန်ရေပြင်ကျယ် ဧက ၆၂ဝ ရှိပြီး ကန်ရေပြင် ပမာဏ ဧက ၈၉၂ဝ သိုလှောင်ထားနိုင်၍ ဆည်ရေသောက် ဧရိယာ ၆၂၉၁ ဧကကို စိုက်ပျိုးရေ ပေးဝေနေသော ဆည်တစ်ခု ဖြစ်ပါသည်။ ငွေတောင်ဆည်တွင် ဆင်စီးခြင်း၊ အစာကျွေးခြင်း၊ အမှတ်တရဓာတ်ပုံရိုက်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။