ဂျလန်းကျွန်း

Listing Description

ဂျလန်းကျွန်းသည် ကော့သောင်းမြို့မှ လှေဖြင့် ၂ နာရီကျော်ကြာသွားရသော ဧက တစ်ထောင်ကျာ် အကျယ်အဝန်းရှိသည့်ကျယ်ဝန်းစိမ်းလန်းသော ကျွန်းကြီးတစ်ကျွန်းဖြစ်ပါသည်။ စိမ်းပြာကြည်လဲ့နေသောရေပြင်နှင့် ဖြူဖွေးလှပသောကမ်းခြေ ပိုင်ဆိုင်ထားသော ကျွန်းတစ်ကျွန်းလည်းဖြစ်ပါသည်။ ကျွန်း၏ အနောက်ဘက်တွင် မီးသန္တာကျောက်တန်းများကိုလည်း လေ့လာနိုင်ပါသည်။ တိုင်းရင်းသားလူနည်းစု လူမျိုးများဖြစ်သော မော်ကင်း(ဆလုံ)လူမျိုးများ နေထိုင်သည့် ရွာလည်းရှိပါသည်။